7.21

1.2K 214 6
                                    

Unicode

ရှုဝေ့ယွမ် က ရှန်းမင်ရှား ကိုမော့ကြည့်လိုက်ပြီး "အမေ ကသိပြီးသားလား?"

သူ့မျက်နှာချင်းဆိုင်မှ ရှန်းမင်ရှား ရဲ့မျက်နှာက နာကျင်မှုကို ထုတ်ဖော်ပြနေသည်။ "အစကတည်းက တစ်ခုခုက မှားယွင်းနေတယ်ဆိုတာကို ငါသိနေခဲ့တယ်။ အရာအားလုံးကို စုစည်းပြီးချိန်မှာတော့ သူ့ပုံစံအစစ်အမှန်ကို ရှာတွေ့ခဲ့တယ်" တန်ရှိုရှင်း ရဲ့သေခြင်းတရားကို ပြန်တွေးမိလိုက်ပြီး သူမမျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုက ရှိနေသည်။

ထိုစကားကို ကြားလိုက်ပြီး ရှုဝေ့ယွမ် ရဲ့မျက်လုံးတွေက နက်ရှိုင်းသွားသည်။ ရှန်းမင်ရှား သိနေခဲ့ရင် အခုရှိနေတဲ့ ပြဿနာတစ်ခုက တန်ချင်းရှန် ပဲ။ "ဒါဆို အားရှန် ကကော? သူ့ကို ကျွန်တော်တို့ ဘယ်လိုပြောကြမလဲ?"

ထိုစကားကို ရှန်းမင်ရှား ကကြားလိုက်သည်နှင့် သက်ပြင်းချလိုက်သည်။ "ငါမသိဘူး။ သူက... သူကလေး ဘဝကတည်းက သူ့အဖေ သေဆုံးခြင်းကြောင့် မြေခွေးနတ်ဆိုးတွေကို မုန်းတီးနေခဲ့တာ။ အခုတောင် သူတို့ကို သူ့အရိုးထဲအထိ မုန်းတီးနေပြီး လက်စားချေဖို့ ရှာဖွေနေတုန်းပဲ။ လုဖန်မိန် ကမြေခွေးနတ်ဆိုးဖြစ်ပြီး သူ့အဖေကို သတ်ခဲ့ဆဲ့သူနဲ့ အရမ်းနီးကပ်တယ်ဆိုတာကိုသာ သိသွားခဲ့ရင် သူကျိုးပျက်သွားလိမ့်မယ်။ ဒီလိုဆိုရင်တောင် အမှန်တရားက မကြာခင် ထွက်ပေါ်လာမှာပဲ။ သူမသိခင် ငါတို့ရှင်းလင်းသင့်တယ်"

ရှုဝေ့ယွမ် ကညင်သာစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပြီ။ အမိန့်အတိုင်း အရာအားလုံးကို ကျွန်တော် လုပ်လိုက်မယ်။ ကျွန်တော့်အစ်ကိုကို ဆက်သွယ်ထားပြီးပြီ။ အစ်ကိုက မြို့တော်ကိုလာတဲ့ လမ်းမှာရှိလောက်ပြီ။ အခုတော့ အားရှန့် ကိုစောင့်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့ပဲ ရှိတော့တယ်"

ရှန်းမင်ရှား က ရှုဝေ့ယွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။ "ဖန်မိန် ကမင်းရဲ့ပုံစံအမှန်ကို သိသွားသေးလား?"

"ယုံကြည်ရတာပဲ။ လုဖန်မိန် ကမကောင်းဆိုးဝါးဆိုတာ သတိထားမိဖို့က ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်။ သူ့အရှိန်အဝါတွေက အရမ်းကို ဖုံးက‌ွယ်လွန်းနေခဲ့တယ်။ သူက များပြားတဲ့ စွမ်းရည်တွေနဲ့ မွေးဖွားလာတဲ့ သန်မာတဲ့ မကောင်းဆိုးဝါး မြေခွေးနတ်ဆိုး ဆိုတာကို ကျွန်တော် ယုံကြည်တယ်။ သူက ဘယ်လောက်ပဲ သန်မာနေပါစေ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်တော့်ရဲ့ ထူးဆန်းမှုကို သတိပြုမိမှာပဲ" ရှုဝေ့ယွမ် ကသူရှာတွေ့တာကို ရှင်းပြလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now