7...

935 123 2
                                    

Unicode

ဖေးချန်းချီ ကမမှတ်မိသည့် အသံဖြစ်တာကြောင့် လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုကို မြင်နိုင်သည်။ ဖေးချန်းချီ ကမျက်ခုံးပါးလေး၊ မျက်လုံးဝိုင်းနဲ့ အနီရောင်နှုတ်ခမ်းနဲ့ အဖြူရောင် ဝတ်ထားသည့် ကျက်သရေရှိကာ လှပသည့် အမျိုးသမီးကို ကြည့်လိုက်သည်။

“ဆရာ၊ ဒါက?” ဖေးချန်းချီ ကခေါင်းစောင်းလိုက်ရင်း အပြာရောင် မျက်လုံးတွေက ဝေဝါးနေသည်။ သူက ထျန်စီချန်း ကိုကြည့်လိုက်သည်။ ထျန်စီချန်း က ဖေးချန်းချီ ကိုကြည့်လိုက်သည်။

“အာ၊ မစိုးရိမ်ပါနဲ့။ မင်းတို့ဘာသာပဲ မိတ်ဆက်လိုက်ကြ” ထိုအမျိုးသမီးက အနားကို လျှောက်လာရင်း ဖေးချန်းချီ အားစိုက်ကြည့်ပြီးနောက် ရုတ်တရက် မျက်လုံးပြူးသွားသည်။ သူမမျက်နှာတွင် ဖေးချန်းချီ နားမလည်သည့် အလွန်အံ့အားသင့်နေမှုက ရှိနေသည်။

“ချီမိုင်ယောင် ကစီနီယာအစ်ကိုကို နှုတ်ဆက်ပါတယ်၊ ကျွန်မက ငါးယောက်မြောက် တောင်ကြားအရှင်သခင် ရဲ့သမီးဖြစ်ပေမဲ့ ရှင့်ကို အမြဲတမ်း လေးစားနေခဲ့တာ၊ စီနီယာအစ်ကို” ချီမိုင်ယောင် ကသူမခါးကို ကွေးလိုက်ရင်း ကျယ်လောင်သည့် အသံဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ ဖေးချန်းချီ ကသူမစကားကြောင့် တောက်ပစွာ ပြုံးလိုက်သည်။

“မင်းစကားတွေကြောင့် ကျေးဇူးတင်ပါတယ်။ ငါက ဖေးချန်းချီ ပါ၊ ဆရာရဲ့ ငါးယောက်မြောက်တပည့်ပါ။ ငါက အခုမှ တစ္ဆေလောကကနေ ပြန်လာခဲ့တာဆိုတော့ အများကြီး မသိသေးဘူး”

“ရှင့်နာမည်က အဝေးထိကို တော်တော်လေး နာမည်ကြီးနေပြီ! စီနီယာအစ်ကို မယှဉ်ပြိုင်နိုင်တဲ့ ပါရမီရှင်လို့ လူသိများတယ်” ချီမိုင်ယောင် ကမော့ကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင် စူးရှပြီး တက်ကြွနေသည်။ ဖေးချန်းချီ ကမထိန်းချုပ်နိုင်ပဲ ရယ်လိုက်သည်။ “ဆရာ၊ ဒီတပည့်အသစ်က တကယ့်ကို ကွဲပြားတာပဲ”

“သူမက မင်းစီနီယာအစ်ကို၊ အစ်မတွေနဲ့ယှဉ်ရင် နည်းနည်းတော့ ကွဲပြားတယ်” ထျန်စီချန်း ကပြန်ဖြေလိုက်သည်။ ထို့နောက် သူ့မျက်လုံးတွေက လဲကျနေကြသည့် လူအုပ်ကို ကြည့်လိုက်သည်။ ဖူဟွားရန်၊ ဟုန်မန်ရှု နဲ့ ကျန့်ဇိုက်ဖန် တို့က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်ကြသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now