1.16

19.1K 2.1K 9
                                    

Zawgyi

ပိုင်မန်ရှောင် ကပြန်လည်ထူထောင်နိုင်ရန် နှစ်ပတ်ကြာခဲ့သည်။ ထိုအချိန်အတွင်း ယုရွှန် နဲ့ ရှီလျန် တို့အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိစေရန်အတွက် သေချာအောင်လုပ်ခဲ့သည်။ အဲ့အစား သူတို့ရဲ့ အစီစဉ်တွေမှာ အမြဲတမ်း အတားအဆီးတစ်ခု ရှိအောင် ရှောင်လန် ကိုခေါ်ဆောင်ဖို့ မလုပ်နိုင်အောင် ပြုလုပ်ထားသည်။

ထိုအချက်မှာ ပိုင်မန်ရှောင် ကချက်ချင်းဖျက်ဆီးရန် သေချာအောင် လုပ်ထားသည်။ ရှောင်လန် ကအချိန်တိုင်း သူ့ဘေးမှာရှိနေပြီး သူ့ကို ဂရုစိုက်ဖို့နဲ့ သူလိုအပ်တဲ့ အရာတိုင်းကို လုပ်ဆောင်ပေးရန် အနားတွင်ပဲ နေလေသည်။

ပိုင်မန်ရှောင် မွေးဖွားဖို့ နီးလာတာကြောင့် သူ့ရဲ့နောက်ဆုံး အစီအစဉ်ကို အပြီးသတ်ခဲ့သည်။ ယုရွှန် နဲ့ ရှီလျန် တို့ကို ဖျက်ဆီးဖို့က ကြီးမားသော အရာတစ်ခုပင် ဖြစ်သည်။

“အင်ပါယာ အဆင့်မြင့်ကြင်ယာတော်?” ပိုင်မန်ရှောင် ကတွေဝေနေတဲ့ပုံ တွေ့ရပြီး ရှောင်လန် ကခေါ်လိုက်သည်။

“အာ၊ အင်း ရှောင်လန်?” ပိုင်မန်ရှောင် ကပြောလိုက်ပြီး သူ့မျက်နှာက ထုံအနေတဲ့ပုံ ဖြစ်နေကာ ရှောင်လန် ကိုကြည့်လိုက်သည်။

ရှောင်လန် ကပြုံးလိုက်ပြီး “အင်ပါယာ အဆင့်မြင့်ကြင်ယာတော်၊ အရှင်မင်းကြီး ကမကြာခင် လာတွေ့ပါလိမ့်မယ်။ ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့ဖြစ်တာကြောင့် ထိုနေရာမှာ တော်ဝင်ပွဲတော်ကျင်းပမှာကြောင့် နန်းတော်က အနည်းငယ် ဆူနေလိမ့်မယ်၊ အရှင် နေလို့မကောင်းတာ ခံစားရရင် အရှင်မင်းကြီးကို ကျွန်မသေချာပေါက် သွားပြောပေးပါမယ်။ အရှင် နေမကောင်းရင် အရှင် သွားစရာမလိုဘူးလို့ ကျွန်မသေချာ သိတယ်”

အဲ့ဒါကြောင့် ပိုင်မန်ရှောင် ကသူ့ခေါင်းကိုညိတ်လိုက်ပြီး သူ့မျက်နှာက နူးညံ့သိမ်မွေ့ပုံပေါ်နေသည်။ သူ့စိတ်အတွင်းထဲမှာတော့ မကောင်းဆိုးဝါး အပြုံးကို ပြုံးနေလေသည်။

“အဆင်ပြေပါတယ်၊ ရှောင်လန် ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့ ဖြစ်တာကြောင့် ငါသေချာပေါက် တတ်ရောက်ရမှာပေါ့။ အဲ့ဒါ.....”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now