41...

3.4K 173 11
                                    

Unicode

Warning 🔞🔞

နေရာတိုင်းကို အနီရောင်တွေနဲ့ အလှဆင်ထားခဲ့သည်။ အိမ်တွေ၊ တဲအိမ်လေးတွေတွင် အနီရောင် မီးပုံးတွေကို ချိတ်ဆွဲထားပြီး အဆောက်အဦးတွင် အနီရောင် အဝတ်တွေကို ချိတ်ထားသည်။

“သူတို့က ပြင်ဆင်ပြီးပြီလား?” ချန်းလီဟွေ့ ကပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖန်ခွက်တွေအား ဂရုတစိုက်ဖြင့် နေရာချလိုက်သည်။

“အင်း၊ အရမ်းကြီး မစိုးရိမ်ပါနဲ့။ အရာအားလုံး သေသေချာချာ ပြင်ဆင်လို့ရအောင် ကိုယ့်အစေခံတွေလည်း ခေါ်ထားတယ်” ဇူးရုံ ကဗျာများနေသည့် အမျိုးသမီးအား ဆွဲလိုက်သည်။

ချန်းလီဟွေ့ ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ “နောက်ဆုံးတော့ သူ့မင်္ဂလာပွဲက ရောက်လာခဲ့ပြီ။ အရာအားလုံးကို အဆင်ပြေပြေပဲ ဖြစ်စေချင်တယ်” သူမလက်ကို ဆုပ်ထားရင်း လက်ဖဝါးမှ ချွေးအေးတွေက ထွက်နေသည်။

“အဆင်ပြေပါတယ်။ သူတို့က ရိုးရာအတိုင်း မလုပ်ကြဘူး” ဇူးရုံ ကစ,နောက်လိုက်ရင်း ချန်းလီဟွေ့ အားခုံတွင်ထိုင်ဖို့ တွန်းလိုက်သည်။

ဒါက လွတ်နေပြီး ဖိတ်ထားသည့်လူကလည်း နည်းပါးကာ မင်္ဂလာပွဲက အရမ်းကို သေးသည်။

ကောင်းပြီ၊ လူနှစ်ယောက် ပေါင်းဖက်တာက ဒီလိုမျိုးပဲ ဖြစ်သွားခဲ့တယ်။

ဇူးရုံ ကဘေးချင်းယှဉ်ကာ ထိုနေရင်း ဝိုင်ခွက်အား ကိုင်ထားသည့် အမျိုးသား နှစ်ယောက်ကို ကြည့်လိုက်သည်။

အိမ်ရှေ့စံ အေးချမ်းခြင်း နတ်ဘုရား၊ တည်ငြိမ်ခြင်း အရှင်သခင် ကျောင်မန်ယောင် နဲ့ကျက်သရေဆောင် အရှင်သခင်၊ သတိမမူခြင်း နတ်ဘုရား၊ ဝူရှန်းယွဲ့ တို့ပါ ရောက်လာမယ်လို့ သူ မထင်ထားခဲ့ပေ။

ကျောင်မန်ယောင် ကအရင်အတိုင်းပင် အဖြူရောင်နဲ့ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားရင်း သူ့ခေါင်းတွင်လည်း သရဖူက ရှိနေသည်။ သူက လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ထားပြီး အပြုံးလေးက ရှိနေသည်။

ဝူရှန်းယွဲ့ ကပြုံးနေပြီး ကျောင်မန်ယောင် ကိုခေါင်းငုံ့ကာ စကားပြောနေခဲ့သည်။ သူက အပြာရောင်ကို ဝတ်ဆင်ထားပြီး သူ့ဆံပင်အား ဖဲကြိုးဖြင့် ချည်ထားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now