18...

671 100 2
                                    

Unicode

ဖေးချန်းချီ ပတ်လည်တွင် ရှုပ်ထွေးသည့် ဆူညံမှုတွေက ဝိုင်းရံနေသည်။ ထိုလူက အဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ့ပုံစံက နည်းနည်း အေးစက်နေသည်။ သူ့မျက်နှာတွင် တည်ရှိနေသည့်အပြုံးက သိပ်မကြာခဲ့ပေ။ သူ့နူးညံ့မှုက ပျောက်ကွယ်သွားခဲ့သည်။

ထိုလူက ပြောင်းလဲသွားခဲ့သည်။ သူ့ဘေးတွင် ဇူးလုံဝမ် ကထိုင်နေပြီး သူ့မျက်နှာက ပိုတောင်အေးစက်နေသည်။ ဘေးချင်းယှဉ်ကာ ထိုင်နေပြီး သူတို့အသွင်အပြင်က လူတိုင်းနဲ့ မယှဉ်နိုင်တာကို အလွယ်တကူ ပြောနိုင်သည်။

ဒီနေ့တွင် သူတို့က စီရင်စုကို ရောက်သွားခဲ့ကြသည်။ ဖေးချန်းချီ ကသူတို့ မရောက်ခင်အထိ ဘာကိုမှမသင်ယူခဲ့ပေ။ ထိုနေရာတွင် နတ်ဆိုးကျင့်ကြံသူတွေ အကြောင်းနဲ့ပတ်သက်ပြီး တွေ့ဆုံနေကြသည်။

ဖေးချန်းချီ ကဒီအကြောင်းအား အရင်က မသိခဲ့ပေ။ ထိုအကြောင်းနဲ့ ပတ်သက်ပြီး ဇူးလုံဝမ် ကသူ့အား ပြောခဲ့ပေမဲ့ သူအများကြီး မသိပေ။ သူတို့က စားပွဲတွင်ပတ်ထိုင်နေကြရင်း တခြားဂိုဏ်းမှ များပြားလှသည့် ပုံရိပ်တွေက ပေါ်လာခဲ့သည်။

ဖေးချန်းချီ ကသူတို့ထဲက နည်းနည်းကိုတောင် မသိသလို သူတို့နဲ့ ဆက်သွယ်ဖို့လည်း ဂရုမစိုက်ပေ။ သူက နားထောင်ရုံသာ နားထောင်နေခဲ့သည်။ ဖေးချန်းချီ ကဒီမသေမျိုး လူတွေကြားတွင် လူငယ်လေးလို့ ပြောနိုင်ပေမဲ့ သူ့ကျင့်ကြံဆင့်ကတော့ လူတိုင်းနဲ့ အလွယ်တကူ ယှဉ်နိုင်သည်။

“နတ်ဆိုးကျင့်ကြံသူတွေရဲ့ လှိုင်းတွေက ဖြန့်ကျက်လာခဲ့ပြီ။ နတ်ဆိုးကျင့်ကြံသူတွေရဲ့ အရှင်သခင် လှုပ်ရှားမှုနဲ့ ရလဒ်က လူအများအပြားကို သေစေနိုင်လိမ့်မယ်။ အဲ့လူက အခုဆိုရင် ရှင်သန်လာခဲ့တာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ။ သူ့ကျင့်ကြံဆင့်က ငါတို့အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မယ်။ ဒီနတ်ဆိုးတွေကို ချိတ်ပိတ်ဖို့အတွက် သူ့တို့ဘဝတွေကို အပ်နှင်းပေးချင်တဲ့ သူရဲကောင်းတွေလည်း အများကြီးရှိတယ်။ အခုတော့ သူက ထပ်နိုးထ,လာခဲ့ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now