2.15

12.4K 1.4K 32
                                    

Zawgyi

ရို့စ် ကသူမ ဖုန်းကိုကိုင်ထားရင်း လက်တွေ တုန်နေပြီး မြို့တော်ရဲ့ အကြီးဆုံး မျက်နှာပြင်မှာ ထုတ်လွှင့်ထားတဲ့ ဗီဒီယိုကို စိုက်ကြည့်ပြီး သူမ မျက်လုံးမှာလည်း ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေကာ ထိုဗီဒီယိုက လူတိုင်းကို ကြည့်ဖို့ ခွင့်ပြုထားလေသည်။

“Ah~, no, ဖြေးဖြေး၊ ဖြေးဖြေး” အမျိုးသမီးရဲ့ အသံကိုကြားရပြီး သူမအသံက နုပျိုလန်းဆန်းနေပြီး သူ့ခန္ဓာကိုယ်ကလည်း လှုပ်ခါနေလေသည်။ သူမက အလွန်ငယ်တဲ့ပုံ မဟုတ်ပေမဲ့ သူမရဲ့ အခုအသက်အရွယ်တော့ မဟုတ်ပေ။

ယောင်္ကျားတစ်ယောက်ရဲ့ အသံကိုကြားရပြီး သူ့မျက်နှာက အတော်အသင့် ငယ်ရွယ်ပုံ ပေါ်လေသည်။

“မင်းက ** ပဲ, မင်းရဲ့ ယောင်္ကျားကို လှည့်စားနေတာ၊ မင်းကို အပြစ်ပေးရမယ်” သူထိုစကားကို ပြောပြီး ကြမ်းတမ်းတဲ့ လုပ်ရပ်တွေရဲ့ အသံက ပိုမိုကျယ်လောင်လာသည်။

ကင်မရာက မှေးမှိန်သွားပြီး ထိုအမျိုးသမီးက အတူတူဖြစ်သော တခြားဗီဒီယိုကို ပြောင်းသွားလေသည်။ အခုတော့ ယောင်္ကျားလေးကတော့ မတူပေ။ ရို့စ် ကမျက်နှာပြင်ကို ကြည့်ရင်း လူတိုင်းကြည့်နိုင်ဖို့ ဗီဒီယို ပြနေတာကိုတွေ့ပြီး ကြောက်ရွံပြီး သူမခန္ဓာကိုယ်ကလည်း တုန်ခါနေသည်။

ထို့နောက် လူတိုင်းက တစ်ညီတညွှတ်ထဲ သူမ ကိုလှည့်ကြည့်ကြသည်။ သူတို့မျက်လုံးတွေမှာ စူးရှနေမှုတွေ၊ စက်ဆုပ်ရွံရှာမှုတွေနဲ့ အများဆုံးကတော့ လှောင်ပြောင်ခြင်းတွေနဲ့ပြည့်နေသည်။ ချမ်းသာတဲ့ လူတွေနဲ့ အဆက်အသွယ်ရှိတဲ့ သူတွေက သူမကိုချက်ချင်း သိကြပြီး သူတို့အသံတွေက ပျံ့နှံ့ထွက်လာလေသည်။

“အဲ့ဒါ ရို့စ်လာဗီနာ, မြူးလက် ပိုင်ရှင်, သီအိုစတိုလင် ရဲ့မိန်းမ မဟုတ်လား? အို, ဘုရားရေ, သူမကိုယ်တိုင် သူမကိုယ်ကျင့်တရားကို ပြလိုက်တာပဲ၊ ငါသူမကို ဒီလိုစာရိတ္တပျက်တဲ့ လူမှန်း မထင်မိခဲ့ဘူး”

“စာရိတ္တ? သူမက သူမကိုယ်သူမ သစ္စာရှိပြီး မြှုပ်နှံထားတဲ့ လူတစ်ယောက်လို့ ဖော်ပြခဲ့တာ၊ ဒါပေမဲ့ ထိုအစား သူမက စက်ဆုပ်ဖွယ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူမက ယောင်္ကျားတစ်ယောက် အတွက်ပဲ သူမခန္ဓာကိုယ်ကို ပေးအပ်ခဲ့တာထင်နေတာ ယောင်္ကျားဘယ်လောက်တောင်မှ သူ့ခန္ဓာကိုယ်ကို ယူခဲ့တာလဲ? ထိုလိုလူတွေက ဒီကမ္ဘာမှာ ရွံရှာဖွယ် အကောင်းဆုံးတွေပဲ”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now