1.18.5

27.1K 2.3K 126
                                    

Zawgyi

[Host ဘာလို့ သူနဲ့အတူနေဖို့ မရွေးတာလဲ?]

System တကယ်ကိုပဲ နားမလည်ဘူး။ ဘာကြောင့် သူ့ Host က သူ့တာဝန်တွေ ပြီးမြောက်တာနဲ့ ထွက်ခွါတာလဲဆိုတာကို သူလုံးဝ နားမလည်ဘူး။ နောက်ဆုံးတော့ သူ့ Host ကဇာတ်လိုက် အချစ်ရဲ့ လွှမ်းမိုးမှုတွေကို ခံရလိမ့်မယ်လို့ System ကထင်ခဲ့တာ။

(ငါနေဖို့ ရွေးတာတောင်မှ အဓိကအချက်က ဘာလဲ? သူတကယ်ချစ်တဲ့သူက ငါမဟုတ်ဘူး၊ သူချစ်နေတဲ့လူက ပိုင်မန်ရှောင် ပဲလေ၊ ဖေးချန်းချီ မဟုတ်ဘူး။ ထပ်ပေါင်းပြောရရင် ငါသူ့ကို ဘယ်လိုဖြစ်ဖြစ် ချစ်တာလဲမဟုတ်ဘူး၊ ဒါကြောင့် အခုထွက်သွားတာက ပိုကောင်းတယ်လေ။ ဝူဟွေ့ ကငါဘယ်သူလဲဆိုတာကို မသိတာကြောင့် ဒီနည်းလမ်းကပဲ သူအသက်ကြီးလာပြီး ငါ့ကိုမှတ်မိတဲ့အချိန်မှာ ငါ့ရဲ့သေဆုံးခြင်းကို ဖန်တီးခဲ့တာက သူ့ကို မနာကျင်စေမှာလေ)

ဖေးချန်းချီ သည် ရှုယောင်ဟန် ပြသခဲ့တဲ့ ချစ်ခြင်းတွေရဲ့ လွှမ်းမိုးမှုကို မခံခဲ့ရပေ။ မဟုတ်ဘူး၊ နည်းနည်းလေးတောင်မှ မရှိခဲ့ဘူး။ ဒါကြောင့် ရှုယောင်ဟန် က ပိုင်မန်ရှောင် ကိုပြုလုပ်ခဲ့တာတွေအတွက် တစ်နည်းအားဖြင့် အပြစ်ပေးချင်တာကြောင့် ဖေးချန်းချီ ကဒီလိုသေဆုံးဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်သည်။

ရှုယောင်ဟန် က ပိုင်မန်ရှောင် ကို ရှီလျန် ကြောင့် သူ့ရဲ့သေခြင်း၊ သူ့ချစ်ခြင်းကို ဆုံးရှုံးရပြီး သူ့ကလေးကိုတောင်မှ ဆုံးရှုံးမှုတွေကို ခံစားရစေခဲ့သည်။ ရှုယောင်ဟန် လိုလူက သူ့ရဲ့လုပ်ခဲ့တာတွေအတွက် ခံစားရဖို့ လိုအပ်တယ်။ ပိုင်မန်ရှောင် ကဒီလူကို ချစ်မိခဲ့တာကို ဖေးချန်းချီ အတော်လေး အံ့အားသင့်မိသည်။

ရှုယောင်ဟန် ကဘယ်လိုပဲ အမှန်တကယ် ချစ်မြတ်နိုးပါစေ၊ ဖေးချန်းချီ အတွက်ကတော့ သူသာ ပိုင်မန်ရှောင် ကိုထပ်ပြီး သစ္စာဖောက်မယ်ဆိုရင် သူ့ကိုထပ်ပြီး နာကျင်ခံစားရအောင် လုပ်ပေးမယ်။

ရှုယောင်ဟန် ကနည်းနည်းလောက် လူမဆန်ဘူးလို့ သူထင်တာကြောင့် သူ့တစ်ဘဝလုံး ခံစားရအောင် လုပ်လိုက်တာက ဖေးချန်းချီ အတွက်ဆိုရင် တိကျပြီး သင့်လျော်တဲ့အတွေးပဲ။ ရှုယောင်ဟန် ကသူ့ရဲ့ငယ်ငယ်ကတည်းက ချစ်ခဲ့သူကို သစ္စာဖောက်ပြီး မကောင်းတဲ့သူ တစ်ယောက်ကို ချစ်ခဲ့တယ်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now