အပိုင်း ၃၂၈ : တစ်ယောက်၏ ဆရာထက် ပို၍ တောက်ပခြင်း
မဲခွဲခြင်း၏ ရလဒ်များအား ကြေငြာ၍ ပြီးသောသောအခါ၊ မဟာချင် အင်ပါယာမှ ငြီးတွားသံများကို နေရာအနှံ့တွင် ကြားနေရသည်။ သူတို့သည် ရှီရှင်းယွမ်အား ဇူရီနှင့် ရင်မဆိုင်စေလိုကြပေ။
နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူတို့၏ မျက်စိအတွင်းတွင်မူ၊ ရှောင်ပုတန်နှင့် မဲကျခြင်းမှာ စုန့်ချင်းယွမ်အတွက် အကောင်းဆုံး ရလဒ်ဖြစ်ခဲ့၏။
လင်းဖုန်းက သူ၏စိတ်အတွင်းတွင် ကြိတ်၍ရယ်နေခဲ့ကာ၊ ရှောင်ပုတန်လေးကို ကြည့်ကာပြောလိုက်၏။ "အဆင်သင့်ဖြစ်ပြီလား။ ဒီတစ်ခါလည်း နည်းနည်း အနာခံရမယ်"
"စိတ်မပူပါနဲ့ ဆရာ၊ ကျွန်တော့်အတွက်က ဘာမှမဟုတ်ပါဘူး" ရှောင်ပုတန်လေးက တစ်ခစ်ခစ် ရယ်လိုက်၏။ ပြီးတာနှင့် လင်းဖုန်းသည် ယန်ချင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သေချာကြည့်ထား"
ယန်ချင်က သူ၏ခေါင်းကို တစ်ဆတ်ဆတ်နှင့် ညိတ်နေရင်း၊ လင်းဖုန်းက သူ့၏လက်များဖြင့် သင်္ကေတများ ပြုလုပ်ပြနေသည်ကို သေချာစွာ ကြည့်နေခဲ့သည်။ ခဏအကြာတွင် ခရမ်းရောင် တိမ်တိုက်တို့က ပေါ်ထွက်လာခဲ့ကာ၊ ရှောင်ပုတန်လေးအား ဖုံးလွှမ်းသွားခဲ့၏။
ယခင်တစ်ခေါက်နှင့် မတူသော အချက်မှာ၊ ယခုတစ်ခေါက်တွင် ခရမ်းရောင် ပင်လယ်အကြားတွင် အစိမ်းရောင် အလင်းတန်း ဖျော့ဖျော့လေး လင်းလက်နေခြင်း ဖြစ်သည်။
လင်းဖုန်း၏ လုပ်ဆောင်ချက်များမှာ၊ ရှီကျုံးယွဲ့၊ ချောင်ဝေနှင့် ကျန်သော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများ၏ မျက်စိအောက်မှ မလွတ်နိုင်ခဲ့ပေ။ သူတို့၏ မျက်လုံးအစုံတို့မှာ ပြူးကျယ်လာခဲ့၍၊ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ "မဟာလမင်း အကြွင်းမဲ့ရေ?"
ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ၏ အကြားတွင်၊ လင်းလက်နေသော အစိမ်းရောင် အလင်းတန်း ဖျော့ဖျော့လေးမှာ၊ မဟာလမင်း အကြွင်းမဲ့ရေပင် ဖြစ်၏။ လင်းဖုန်းသည် ခရမ်းရောင် တိမ်တိုက်များနှင့် အကြွင်းမဲ့ရေအား အသုံးချကာ၊ ရှောင်ပုတန်လေး၏ ခန္ဓာကိုယ်အား သန့်စင်ပေး၍ သူ၏ ဒဏ်ရာရသော အစိတ်အပိုင်းများကို အားဖြည့်ကာ ကုစားပေးနေခဲ့သည်။

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...