အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို

389 41 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၁

အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို

လင်းဖုန်းသည် တောင်တန်းမြစ်ပြင် ဟင်းလင်းပြင် ဆေးမီးဖိုအား အချိန်အနည်းငယ် ကြည့်နေခဲ့ပြီးမှ သူ၏ကိုယ်ထည်အား ပုတ်လိုက်သည်။

ဤဆေးမီးဖိုအပေါ်တွင် ထားထားသည့် အကန့်အသတ်များသည် လင်းဖုန်း၏ ဖျက်ဆီးခြင်းအား ခံလိုက်ရသည်။ တောင်တန်းမြစ်ပြင် ဟင်းလင်းပြင် ဆေးမီးဖို၏ မူလစိတ်ဝိညာဥ်၏ အသိစိတ်သည် စတင်လင်းလက်လာခဲ့၏။

လင်းဖုန်းသည် တောင်တန်းမြစ်ပြင် ဟင်းလင်းပြင် ဆေးမီးဖိုနှင့် အစိမ်းရောင် ဆေးမီးဖိုလေး ၇ခုတို့အား သေချာစွာ သိမ်းထားလိုက်သည်။ ပြီးမှသူသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန် အတွင်းမှ ချောင်ဝေ၏ အင်မော်တယ် ဝိညာဥ်အား ခေါ်ထုတ်လိုက်ကာ စစ်ဆေးမေးမြန်းခဲ့သည်။

ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်အတွင်းသို့ ရောက်သွားသောအခါ ချောင်ဝေသည် သူ၏လွတ်လပ်မှု ပျောက်ဆုံးသွားခဲ့သည်။ သူသည် ယခင်ကဲ့သို့ ကျင့်ကြံနိုင်သော်လည်း သူသည် လင်းဖုန်းနှင့် ဝမ်လင်းတို့၏ စိတ်ဆန္ဒများကို မဖြည့်ဆည်း၍ မရခဲ့ပေ။

လင်းဖုန်းကသူ့အား မေးသမျှတို့ကို သူသည် ရွေးချယ်၍မရပဲ အရာအားလုံးတို့အား ဖော်ပြခဲ့ရသည်။ သူသည် တစ်စုံတစ်ရာမှ ဖုံးကွယ်ထား၍ မရခဲ့ချေ။

ချောင်ဝေသည် အလွန်နွမ်းနယ်နေကဲ့သကဲ့သို့ ထုံထိုင်းနေသည့်ပုံ ပေါက်နေခဲ့သည်။ သို့သော်လည်း သူ၏ အမူအရာများမှာ ထူးမခြားနား ပုံစံပင် ဖြစ်နေခဲ့ကာ လင်းဖုန်းအား တည်ငြိမ်စွာနှင့် စိုက်ကြည့်နေခဲ့သည်။

လင်းဖုန်းက သူ့အားကြည့်လိုက်သည်။ "တောင်တန်းမြစ်ပြင် ဟင်းလင်းပြင် ဆေးမီးဖိုရဲ့ အနောက်က လျှို့ဝှက်ချက်ကဘာလဲ၊ ငါ့ကိုပြောပြစမ်း"

"ဒီကနေ့လိုမျိုး ဖြစ်မယ်မှန်းသိရင် ကျုပ်ကဒီလိုမျိုး လုပ်ခဲ့မှာ မဟုတ်ဘူး" ချောင်ဝေက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "လူသားကျင့်ကြံမှုကမ္ဘာရဲ့ အဆိုအရဆိုရင် ဒီတောင်တန်းမြစ်ပြင် ဟင်းလင်းပြင် ဆေးမီးဖိုဟာ တောင်တန်းမြစ်ပြင် သူတော်စင်ရဲ့ မှော်ရတနာ တစ်ပါးလို့ သိထားကြတယ်။ ဒီဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖို ကိုးခုတို့ကလည်း သူ့ရဲ့ မှော်အိုင်တမ် တစ်စုံဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now