အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁

458 48 0
                                    

စာစဥ် ၂၃ : အပိုင်း ၉

အပိုင်း ၄၃၉ : သူ့နာမည်အား ဆေးကြောပေးရန် ပင်လယ်ကပင် တတ်နိုင်မည် မဟုတ်

"ဆရာ၊ သူတို့စုံတွဲကို ကူညီဖို့အတွက် တခြားနည်းလမ်း ရှာလို့မရဘူးလား ခင်ဗျ" ရှောင်ယန်က မျက်နှာကြီးကို ရှုံ့မဲ့ကာ ပြောလိုက်သည်။ "ဒါကသိပ်ပြီးတော…"

လင်းဖုန်းက ခပ်တည်တည်နှင့် ပြန်မေးလိုက်သည်။ "သိပ်ပြီးတော ဘာဖြစ်သလဲ"

ရှောင်ယန်သည် ထစ်ငေါ့ထစ်ငေါ့နှင့် ဘာမှဆက်မပြောနိုင်သောပေ။ လင်းဖုန်းက ပွင့်လင်းစွာ ပြောလိုက်သည်။ "မင်းရဲ့စိတ်က သန့်ရှင်းနေရင်၊ တခြားအရာတွေကိုလည်း ရှင်းလင်းစွာ မြင်နိုင်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက ပုံမှန်စိတ်ထားနိုင်ပြီး၊ အရာအားလုံးကို အတူတူပဲ ဆက်ဆံနိုင်မယ်"

"ဘာပဲပြောပြော မင်းရဲ့ မဟူရာ တိမ်တိုက်အလံ၊ မဟာသူရိယ အကြွင်းမဲ့ မီးတောက်၊ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နဲ့ ကျင့်ကြံမှုမှာ သောက်သုံးခဲ့တဲ့ စွမ်းအားဖြည့်တင်းခြင်း ဆေးလုံး၊ ဒါတွေက ကမ္ဘာပေါ်က ဒုနဲ့ဒေးနဲ့ ရှိနေကြတဲ့ အရာတွေအထဲမှာ အစိတ်အပိုင်း အချို့လေးပဲ။ ဘာများ ကွာခြားချက်တွေ ရှိလို့လဲ"

လင်းဖုန်းသည် မတ်မတ်ရပ်နေကာ  တင့်တယ်သော ပုံသဏ္ဌာန်ဖြင့် ရပ်နေခဲ့သည်။ သူ၏လက်ဝါးကို ဖြန့်လိုက်ရာ၊ မဟူရာကောင်းကင် ရတနာသစ်ပင်မှ သစ်ရွက်တစ်ရွက်က ကျလာခဲ့၏။ နဂိုက ကြီးမားလှသော အရွယ်ရှိသည် သစ်ရွက်မှာ လေပေါ်မှ ဝှေ့ဝဲကာ ကျလာ၍၊ အရွယ်ကျုံ့သွားခဲ့ကာ လင်းဖုန်း၏ လက်ဝါးပေါ်သို ကျလာခဲ့သည်။

"ကောင်းကင်အောက်က အရာမှန်သမျှ ဘယ်သူပဲဖြစ်ဖြစ်၊ လွတ်လပ်ပြီး ထူးခြားတဲ့သူတွေပဲ ဖြစ်ကြတယ်။ ကျန်တဲ့သူတွေနဲ့ သီးသန့်ကွဲပြားတဲ့ သူတွေပဲ ဖြစ်ကြတယ်" လင်းဖုန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက တစ်ယောက်ချင်းဆီရဲ့ အမြင်တွေကနေ ဖယ်ခွာပြီး ကမ္ဘာကြီးရဲ့ အမြင်ကနေ ကြည့်လိုက်လို့ရှိရင်၊ အရာအားလုံးဟာ သက်ရှိတွေ အားလုံးရဲ့ ကံကြမ္မာပန်းတိုင်မှာ ပါဝင်နေကြတာ ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now