အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း

335 40 0
                                    

စာစဥ် ၃၄ : အပိုင်း ၁၄

အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း

လင်းဖုန်းသည် တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံသွား၍အပြီးတွင် သူသည် စိတ်ဝိညာဥ် စွမ်းအင်များကို စုဆောင်းသည့် အခြေခံအုတ်မြစ်၏ အပေါ်တွင် တောက်ပသော အချိန်ပြောင်းလဲမှုကို ထပ်ထည့်လိုက်သည်။

"ဒီနေရာက တပည့်ခန်းမဆောင် သက်သက် မဟုတ်တော့ဘူး" လင်းဖုန်းက ပြုံးလိုက်သည်။ "ဒီကနေ့ကစပြီး သူ့ကို စကြဝဠာ အလင်းတန်း ခန်းမလို့ ခေါ်ရမယ်"

ယင်ယန်ပင်လယ်အတွင်းတွင် ကျင့်ကြံနေသော လော်ချင်းဝူမှအပ လင်းဖုန်းသည် သူ၏ လက်ရင်းတပည့်များ အားလုံးတို့အား စကြာဝဠာ အလင်းတန်း ခန်းမထံသို့လာရန် ဆင့်ခေါ်လိုက်သည်။ သူတို့သည် ဤနေရာကို ရောက်လာကြ၍ ပြောင်းလဲမှုများကို တွေ့ရှိသွားကြသောအခါ အံ့ဩမှင်သက်နေကြသည်။

လင်းဖုန်းက ပြောလိုက်သည်။ "အခုအချိန်ကစပြီး ငါက ယွင်တောင်ထိပ်က အခြေခံတပည့်တွေကို အချိန်တစ်ခုကျရင် စစ်ဆေးမှုတစ်ခု ကျင်းပပေးမယ်။ အဲ့ဒီစစ်ဆေးမှုကို အောင်မြင်ကြတဲ့သူတွေက ဆက်ခံသူတပည့်တွေ ဖြစ်လာကြမယ်။ အဲ့ဒီစစ်ဆေးမှုအပြင် ကြားထဲမှာ စာမေးပွဲ အသေးစားတွေကိုလည်း မကြာမကြာ ပြုလုပ်ပေးမယ်"

"အဲ့ဒီစာမေးပွဲလေးတွေကို အောင်တဲ့သူတွေကို ဆုလာဘ်အနေနဲ့ ဒီစကြာဝဠာ အလင်းတန်း ခန်းမအထဲမှာ အချိန်ကာလ တစ်ခုအထိ လေ့ကျင့်ခွင့်ပေးမယ်"

ရှောင်ယန်နှင့် ကျန်သောသူများသည် သူတို့၏ ခေါင်းများကို ညိတ်လိုက်ကြသည်။ "ဒါက တပည့်တွေကို ပိုမိုကြိုးစားဖို့ အားပေးတဲ့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်"

ဇူရီသည် ခေတ္တမျှ စဥ်းစားလိုက်ကာ မေးလိုက်သည်။ "ဆရာ၊ ဒီလိုဆိုရင် သန်မာတဲ့သူတွေက ပိုသန်မာလာပြီး အားနည်းတဲ့သူတွေက နောက်ကျမကျန်နိုင်ခဲ့ဘူးလား"

လင်းဖုန်းက သူ၏ခေါင်းကို ခါလိုက်သည်။ "စစ်ဆေးမှု အကြီးစားတွေက တပည့်တွေရဲ့ အလားအလာနဲ့ ကိုယ်ကျင့်စရိုက်ကို စစ်ဆေးမှာ ဖြစ်တယ်။ ဒါက သူတို့ရဲ့ ကျင့်ကြံမှုနဲ့ မဆိုင်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now