အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း

307 37 1
                                    

စာစဥ် ၃၁ : အပိုင်း ၈

အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း

လင်းဖုန်း၏ တပည့်များ အတွင်းတွင် ဝမ်လင်းတစ်ယောက်သာ ရှီထျန်းရီအား ဒေါသထွက်စေနိုင်ခြင်း ဖြစ်သည်။

ဝမ်လင်း၏ အမူအရာ ကင်းမဲ့နေသော မျက်နှာကို ကြည့်လိုက်ကာ ရှီထျန်းရီသည် သူ၏ ဘယ်မျက်စိမှ စူးရှနာကျင်လာသော ဝေဒနာအား ခံစားလိုက်ရသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဝမ်လင်းက ဝင်စွက်ဖက်ခြင်းကို ထူးခြားသကဲ့သို့ ခံစားနေရသည်။

အထူးသဖြင့် ဒုတိယမျိုးဆက်မှ တပည့်များ ဖြစ်သည်။ သူ၏တပည့် လီရှင်းဖေးပင် အပါအဝင် ဖြစ်၏။ သူတို့အားလုံးတို့သည် ပုံမှန်ဆိုလျှင် ဘာသိဘာသာ နေတတ်သည် ဝမ်လင်းသည် ယခုအချိန်တွင် စတင်လှုပ်ရှားခဲ့သည်ကို အံ့ဩနေကြခြင်း ဖြစ်သည်။

သို့သော်လည်း ရှောင်ယန်၊ ဇူရီ၊ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့သည် အချင်းချင်း ကြည့်လိုက်ကြကာ ပြုံးလိုက်ကြသည်။

ရှီထျန်းရီ၏ ဒဏ်ရာမရထားသည့် ညာမျက်စိကို ကြည့်လိုက်ကာ ရှောင်ယန်က ဖွဖွလေး ရယ်လိုက်သည်။ သူသည် မတ်တတ်ထရပ်လိုက်ရာ သူ၏ကျောနောက်မှ ဘုန်းကနဲ ကျယ်လောင်စွာ အသံတစ်ခု ထွက်လာခဲ့၏။ အကြွင်းမဲ့မီးတောက် လေးခုတို့ဖြင့် ပြုလုပ်ထားသော သူ၏ အတောင်ပံများသည် ခက်ထန်စွာဖြင့် တောက်လောင်နေကြကာ အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကြီးသည့် အော်ရာများ ပျံ့နှံ့လာကြသည်။

သူ၏ဘေးတွင် ဇူရီက ငြိမ်သက်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။ သူ၏ခေါင်းပေါ်မှ ကြည်လင်သော အလင်းတန်းတစ်ခု ပေါ်လာခဲ့၍ တစ်ယောက်သည် ဟင်းလင်းပြင်တွင် လွင့်မျောနေသော စာစီစာကုံး တစ်ပုဒ်ကို တွေ့နိုင်သည်။  နောက်ခံတွင် တစ်ယောက်သည် စာသင်သားများ၏ ရွတ်ဆိုနေသံအား ကြားနိုင်နေ၏။ ကြည့်ရသည်မှာ ပညာရှိ တစ်ထောင်တို့က ကဗျာများကို ရွတ်ဖတ်နေကြကာ ကမ္ဘာကြီးအား ဉာဏ်အလင်းဖြင့် တောက်ပနေစေရန် ကြိုးစားနေကြသကဲ့သို့ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now