အပိုင်း ၄၉၉ - ၅၀၀

401 51 0
                                    

စာစဥ် ၂၇ : အပိုင်း ၉

အပိုင်း ၄၉၉ : အလင်းဓားမြန်ဂိုဏ်း၏ အလည်ရောက်ရှိလာခြင်း

သူတို့သည် တောအုပ်ဗိမာန် အတွင်းတွင် နေနေကြ၍ ယုကျင်းတောင်၏ ကိုယ်ထည်ကို အဝေးမှ ကြည့်နေကြကာ၊ ဝမ်လင်း၏ မိဘများပင် သူတို့သည် နောက်ထပ်ကမ္ဘာ တစ်ခုအတွင်းတွင် ရောက်နေခဲ့သလို ခံစားနေကြသည်။

ခရမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်သည် သူတို့ဘေးနားကို ရောက်လာခဲ့၍၊ သူတို့အား လက်ဘက်ရည်ကြမ်း လာတိုက်ခဲ့သည်။ "ဒါက ဆေးတောင်ကြားကနေ ထုတ်လုပ်ထားတဲ့ စိတ်ဝိညာဥ် လက်ဘက်ရည်ပါ။ ဒါက တစ်ယောက်ရဲ့ စိတ်ဝိညာဥ်ကို လန်းဆန်းစေပြီး သက်တမ်းကို ရှည်စေပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ကြပါ"

ဝမ်လင်း၏ မိဘများသည် ကျေးဇူးတင်လိုက်ကြသည်။ သူတို့သည် သူတို့၏ အရှေ့မှ အားနည်းသည်ဟု ထင်နေရသော မိန်းမပျိုလေး၏ လှုပ်ရှားပုံကို တစ်ခါမြင်ခဲ့ဖူးသည်။

ထိုမိန်းမပျိုလေးသည် လီရှင်းဖေး ဖြစ်၏။ သူမသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ရောက်ခဲ့သည်မှာ တစ်နှစ်ခန့် ရှိလေပြီ။ သူမ၏ ချီကျင့်ကြံမှုသည်လည်း တိုးတက်လာခဲ့၏။ သူမသည် တပည့်အဖြစ် လက်မခံရသေးခင်တွင်ပင်၊ သာမန် အမျိုးသမီးတစ်ယောက် မဟုတ်ခဲ့ပေ။ တပည့်တစ်ယောက် ဖြစ်လာပြီးနောက်တွင်၊ သူမသည် ယုကျင်းတောင်ပေါ်တွင်သာ နေနေခဲ့သည်။ စိတ်ဝိညာဥ် စွမ်းအင်များဖြင့် လွှမ်းခြုံထားခဲ့သဖြင့်၊ သူမ၏ အမူအယာနှင့် ပုံစံတို့သည် ပိုမိုတည်ငြိမ် ရင့်ကျက်လာခဲ့သည်။ တစ်ယောက်မှ သူမအား အထင်မသေးရဲကြပေ။

လီရှင်းဖေးက ပြုံးလိုက်သည်။ "ဆရာက ဒီမှာ မရှိဘူးဆိုတော့၊ တစ်ခုခု လိုတာရှိရင် ကျွန်မကို ပြောလို့ရပါတယ်ရှင့်"

ဝမ်လင်း၏ မိဘများသည် အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ကာ မေးလိုက်သည်။ "အာ၊ မိန်းကလေး။ ရုတ်တရက် မေးရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတို့သား ဝမ်လင်းရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်ကိုရောက်သွားပြီလဲ"

လီရှင်းဖေးက ယဥ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။ "တပည့်တစ်ယောက် အနေနဲ့၊ ကျွန်မက ဆရာ့ရဲ့ ကျင့်ကြံမှုတွေကို မမှန်းရဲပါဘူးရှင့်။ ဒါပေမဲ့ ဆရာက ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ပြီဆိုတာက သေချာပါတယ်။ သူ့ရဲ့ သက်တမ်းဟာ နှစ်ပေါင်းတစ်ထောင်ကို ရောက်သွားပြီ။ ပုံမှန်ဆိုရင် သူက လေဟာနယ်ကို ဖြတ်သန်းပြီး ခရီးသွားလာနိုင်ပြီး၊ မိုးကြိုးနဲ့ မီးတောက်တွေကို အလွယ်တကူ ဆင့်ခေါ်နိုင်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now