အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း

337 46 0
                                    

စာစဥ် ၃၁ : အပိုင်း ၃

အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း

လင်းဖုန်း၏ နဖူးပေါ်မှ ယင်ယန်ပုံရိပ်သည် အဆက်မပြတ် လည်ပတ်နေကာ အဆုံးမဲ့ အေးစက်သော သေမင်းအလင်းတန်းများ ထွက်လာခဲ့သည်။ သူသည် မည်းနက်နေသော ဟင်းလင်းပြင်၏ အစိတ်အပိုင်း အချို့အား ကြောက်မက်ဖွယ်ရာ အစိမ်းရောင် အလင်းတန်းများဖြင့် တောက်ပစေခဲ့၏။

"တာအိုရောင်းရင်း၊ ခင်ဗျားက အဆင့်သင့်ဖြစ်ရင် ကျုပ်စတော့မယ်" လင်းဖုန်းက ပြောလိုက်သည်။

ချင်ဧကရာဇ် ရှီယုသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ဘာကိုမှ မပြောခဲ့ပေ။ သူ၏ စိတ်ဝိညာဥ်အား အင်မော်တယ် နဂါးမြို့တော်နှင့် ပေါင်းစည်းလိုက်ရာ ချက်ချင်းပင် အင်မော်တယ် နဂါးမြို့တော်၏ စွမ်းအားများသည် ဆတက်ထမ်းပိုး တိုးတက်လာခြင်းကို ခံစားခဲ့ရသည်။

လင်းဖုန်း၏ နဖူးပေါ်မှ ယင်ယန်ပုံရိပ်သည် ကြည်လင်သော အလင်းတန်း တစ်ခုအား စတင်ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်း အတွင်းတွင် တစ်ယောက်သည် ဧရာမ ဓားအိမ်တစ်ခု၏ ပုံရိပ်အား တွေ့နိုင်ခဲ့သည်။

ထိုဓားအိမ်ကြီးသည် သူ့ကိုယ်သူ ပွင့်သွားကာ ချက်ချင်းပင် မယုံနိုင်လောက်အောင် သတ်ဖြတ်လိုစိတ် ပြင်းထန်သည့် အော်ရာတစ်ခုက ထွက်လာခဲ့၏။ သူသည် ကမ္ဘာဖျက်စွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုဓားအိမ်အတွင်းမှ ဧရာမ ဓားကြီးတစ်ချောင်းသည် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ လင်းဖုန်းက ဘာမှမပြောခဲ့ပဲ သူ၏လက်ကိုင်အား ဆုပ်ကိုင်လိုက်ကာ ကြောက်မက်ဖွယ်ရာ ကောင်းကင်ဖျက်ဆီး ဓားကြီးအား ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ဖျက်ဆီး ဓား၏ ဓားသွား၅၀%အား သွေးထားခဲ့ပြီး ဖြစ်သည်။ ဓားအလင်းတန်းများက တောက်ပနေခဲ့ပြီး ဓားသွားမှာ ထွင်းဖောက်မြင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။

ကောင်းကင်ဖျက်ဆီး ဓား၏ ကျန်တစ်ဝက်သည် သံချေးများ ကိုက်နေသော်လည်း သူ၏လက်ရှိ စွမ်းအားသည် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now