အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ

332 38 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၁

အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ

ကြယ်တာရာများ၏ စွမ်းပကားသည် ကြီးမားလှကာ ရှီထျန်းရီသည် ရှန်ကောင်းကင် မြင့်မြတ်သော ကြယ်စင်အလင်းတန်းအား ကျင့်ကြံနိုင်ခဲ့သော်လည်း သူသည် သူတို့၏ စွမ်းအား အနည်းငယ်ကိုသာ ယူသုံးနိုင်ခဲ့သည်။

သို့သော်လည်း ထိုစွမ်းအား အနည်းငယ်လေးကပင် အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ ကျင့်ကြံသူများအတွက် ကြောက်မက်ဖွယ်ရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည်ပင်လျှင် ထိုင်နေရာမှ ထလိုက်ကာ ထိုတိုက်ပွဲအား မမှိတ်မသုန် ကြည့်နေကြ၏။

ဝမ်လင်း၏ အေးစက်သောအကြည့်သည် လက်ကနဲ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် သူသည် အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာအား လေ့ကျင့်ပြီးသွားကာ အခြေတည်ဝိညာဥ်ကို ဖန်ဆင်းထားပြီး ဖြစ်သဖြင့် ရှီထျန်းရီ၏ တိုက်ခိုက်မှုများကို မကြောက်တော့ချေ။ သို့သော်လည်း သူတို့သည် ဟင်းလင်းပြင် စစ်တလင်း အတွင်းတွင် တိုက်ခိုက်ခဲ့စဥ်က ရှီထျန်းရီက ထိုအကွက်အား သုံးလိုက်ပါက မည်သို့ဖြစ်သွားမည်ကို မည်သူမှ မသိပေ။

ရှောင်ယန်က သူ့ကိုယ်သူ ရေရွတ်လိုက်၏။ "ဒါက ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်တို့ ပေါင်းထားတဲ့ ကောင်းကင်မီးတောက် ကြာပန်းလောက်ကို စွမ်းအားကြီးတယ်"

ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နှင့် မဟာသူရိယ အကြွင်းမဲ့ မီးတောက်တို့အား ပေါင်းစပ်ထားသည့် ကောင်းကင်မီးတောက် ကြာပန်းသည် မီးတောက်နှစ်ခု ကောင်းကင်မီးတောက် ကြာပန်း အနက်တွင် အစွမ်းအထက်ဆုံး ဖြစ်၏။

သို့သော်လည်း သူသည် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်ရှိသွားပါက သူ၏ ကောင်းကင်မီးတောက် ကြာပန်း သို့မဟုတ် အကြွင်းမဲ့မီးတောက် တစ်ခုချင်းစီ၏ စွမ်းအားများသည် များစွာတိုးတက်လာမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now