အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...

335 41 0
                                    

စာစဥ် ၃၂ : အပိုင်း ၁

အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည် အခြိမ်းခြောက်ခံလိုက်ရသည်

ကမ္ဘာပေါ်မှ အစွမ်းအထက်ဆုံးဖြစ်သော ဓားပညာရပ် နှစ်ခုတို့သည် ထပ်ဖန်တစ်ခါ ရင်ဆိုင်လိုက်ကြကာ ကြယ်တာရာများကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။

သူတို့၏ ဓားပညာရပ်များသည် အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ခြင်း ဖြစ်ကြသည်။ လွန်စွာမှပင် ခက်ထန်ကြမ်းကြုတ်ကြ၏။ လင်းဖုန်းနှင့် ရှင်းလုံစန်းတို့ တိုက်ခိုက်နေကြရာတွင် တစ်ကွက်လေးမှားလိုက်သည်နှင့် တစ်ယောက်သည် အသက်နှင့် ပေးဆပ်ရမည် ဖြစ်သည်။

ရှင်းလုံစန်းသည် ဟင်းလင်းပြင် လေဟာနယ် အတွင်းသို့ ခြေချလိုက်ကာ သာမန် အစိမ်းရောင် ကြေးဓားရှည် တစ်ချောင်းအား ကိုင်ထားခဲ့သည်။ ထိုဓားထိပ်ဖျားသည် လင်းဖုန်းထံသို့ ညွှန်ထားခဲ့ကာ အနည်းငယ် လှုပ်ခါသွားခဲ့၏။

အဖြူရောင် သူတော်စင် ကောင်းကင်ဓားချီသည် ချက်ချင်းဆိုသလိုပင် ကျုံ့ဝင်သွားခဲ့၏။ သူသည် ထိုဓားထိပ်ဖျားတွင် စုစည်းနေခဲ့ကာ တောက်ပသော အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ကောင်းကင်ယံမှ မည်းနက်နေသော ကြယ်စင်များ အတွင်းတွင် ထိုအဖြူရောင် အလင်းစက်ကလေးမှာ အမြဲတမ်း ကြယ်စင်တစ်စင်းအလား လွန်စွာ မျက်စိပသာဒ ရှိလှပေသည်။

ခဏအကြာတွင် ထိုဓားအလင်းတန်းသည် လင်းဖုန်းထံသို့ ထိုးဆင်းလာခဲ့၏။ ကြည့်ရသည်မှာ ကြယ်စင်မြစ်တစ်စင်းက စီးဆင်းလာသကဲ့သို့ ဖြစ်သည်။

လင်းဖုန်းသည် အချိန်မဖြုန်းခဲ့ပဲ ကောင်းကင်ဖျက်ဆီး ဓားချီအား ထုတ်လွှတ်လိုက်၏။ သူသည် မီးခိုးရောင်ဖြစ်၍ အသက်အားလုံးကို သတ်ဖြတ်သူ ဖြစ်သည်။ ဒါသည် ကံကြမ္မာတို့အား ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ရာ ဓားချီဖြစ်သည်။ သူသည် မျဥ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွား၍ မြစ်ပြင်အား ခုတ်ဖြတ်မည့် ဓားကွက်ဖြင့် ဓားအလင်းတန်း အဖြူရောင်မြစ်ထံသို့ ခုတ်ချလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now