အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း

441 48 0
                                    

အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း

ခန်းနန်ဟွာ၏ စကားကို ကြားရအပြီးတွင်၊ လင်းဖုန်းသည် သူ၏ခေါင်းအား ညိတ်လိုက်ကာ ဇူရီအား ကြည့်လိုက်သည်။ "သွားယူလိုက်"

စကားဆုံးသည်နှင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အဆောင်လက်ဖွဲ့တစ်ခု ပေါ်ထွက်လာကာ ဇူရီ၏ နဖူးပေါ်သို့ ကျရောက်သွား၍ ပျောက်ကွယ်သွားခဲ့သည်။

ဇူရီသည် လင်းဖုန်းအား အရိုအသေပြုလိုက်၍၊ သူ၏မှော်စွမ်းအင် အစောင့်အရှောက်ဖြင့် ယုကျင်းတောင်မှ ထွက်ခွာသွားခဲ့သည်။ တောင်အောက်အရောက်တွင်၊ သူသည် ရှကျိုးသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

လင်းဖုန်းသည် သူ၏နောက်ကျောကို ငေးကြည့်နေခဲ့ရင်း၊ သူ့ကိုယ်သူ တွေးလိုက်သည်။ "ဇူရီအပြင်၊ ရှောင်ပုတန်လည်း သူ့ကလန်မျိုးနွယ်ရဲ့ ရန်ကြွေးကိုလည်း မကြာခင် ပြန်ဆပ်ရတော့မယ်" ထိုအကြောင်းကို စဉ်းစားမိသည်နှင့်၊ လင်းဖုန်းသည် ရှောင်ပုတန်အား အချက်လှမ်းပြလိုက်သည်။ "ထျန်းဟောင်၊ ဒီနားလာခဲ့ဦး"

ရှောင်ပုတန်သည် လင်းဖုန်း၏ အရှေ့သို့ လျှောက်လာခဲ့သည်။ "ဆရာသခင်?"

လင်းဖုန်းက ပြောလိုက်သည်။ "မင်းစိတ်ဝိညာဉ် အစည်းအဝေးတုံးက မုကျိဟိုင်ဆီကနေ ရလာတဲ့ ကျူယန်ရေခဲပန်းပွင့်၊ အဲ့ဒါကို ထုတ်ယူလိုက်"

ရှောင်ပုတန်သည် သူ၏အမိန့်အတိုင်း၊ ကျူယန်ရေခဲပန်းပွင့်အား ထုတ်ယူလိုက်သည်။ လင်းဖုန်းက ထိုပန်းပွင့်ကို ကြည့်လိုက်ကာ၊ ယန်ချင်ဘက်သို့ လှည့်လိုက်သည်။ "ယန်ချင်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အထဲက မင်းရခဲ့တဲ့၊ ပြင်းထန်ပေါက်ကွဲ ဆေးပင်ကို ငါ့ကိုပေးပါဦး"

ယန်ချင်က သူ၏ ပြင်းထန်ပေါက်ကွဲ ဆေးပင်ကို ထုတ်လိုက်ကာ လင်းဖုန်းအား ပေးလိုက်သည်။ လင်းဖုန်းက သူတို့အား ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်က ဆေးပင်ချင်း ဖလှယ်ရမယ်။ ကျူယန်ရေခဲပန်းပွင့်က ယန်ချင်ကိုပေးပြီး၊ ရှောင်ပုတန်လေးက ပြင်းထန်ပေါက်ကွဲ ဆေးပင်ကို သိမ်းထားရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now