စာစဥ် ၂၄ : အပိုင်း ၆
အပိုင်း ၄၃၆ : နတ်ဘုရား ပါရာဆို သစ်ပင်၏ နှလုံးသား
ဇူရီနှင့် လီယွမ်ဖန်းတို့သည် လင်းဖုန်းက စကားပြောမှားသွားသည်ဟု ထင်နေကြသော်လည်း၊ လင်းဖုန်းသည် ရင်ထဲမှနေ၍ မသမာစွာ ရယ်မောနေသည်ကိုမူ သူတို့က မသိကြပေ။
ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် အလွန်အမင်းကို ရှုပ်ထွေးလှ၏။ လင်းဖုန်းသည် သူ့အား ထိန်းချုပ်နိုင်ခြင်းမှာ၊ ထိုအိုင်တမ်သည် အေးရီးစ်ကိုယ်ပွားကဲ့သို့ စနစ်ကြီး၏ အတွင်းမှ ရရှိခဲ့သော ပစ္စည်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
မဟုတ်လို့ရှိလျှင် သံသရာဂိုဏ်း၏ ငရဲလမ်းစဥ်မှ အင်မော်တယ်ဝိညာဥ် အဆင့် အကြီးအကဲ တစ်ယောက်သည်ပင်၊ ဤမှော်ဝင်္ကပါ၏ အတွင်းမှ အပြောင်းအလဲများကို ခန့်မှန်းရန် ခက်ခဲပေမည်။
လင်္ကာတစ်ပိုဒ်ကိုသာ ထုတ်နှုတ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဇူရီနှင့် လီယွမ်ဖန်းတို့သည် သူ့အား သုံးသပ်ရသည့် ဖြစ်စဥ်အား အလွန်အမင်း ခက်ခဲစွာနှင့် အဖြေရှာနေရသည်။
ခဏအကြာတွင် လင်းဖုန်းသည် သူ၏ စစ်ဆေးမှုအား ရပ်လိုက်ကာ၊ ပို၍ လွယ်ကူသော နည်းလမ်းများဖြင့် ပြောင်းလဲလိုက်သည်။
လီယွမ်ဖန်း၏ မျက်နှာတွင် ထပ်မံကြည့်ရှုလိုသေးကြောင်း အမူအရာများ ပေါ်နေခဲ့သေးသော်လည်း၊ လင်းဖုန်းအား အလွန်အမင်း ကျေးဇူးတင်နေသည်မှာ သိသာနေပေသည်။
သူ၏ခေါင်းကို ငုံ့လိုက်ကာ တစ်စိမ့်စိမ့်နှင့် တွေးနေခဲ့သည်။ သူ၏ စိတ်အတွင်းတွင် အတွေးများဖြင့် ယောက်ယက်ခတ်နေခဲ့ကာ၊ လင်းဖုန်းက သူ့အား ရယ်ချင်ပက်ကျိ ဖြစ်လှစွာနှင့် ကြည့်နေခဲ့သည်။ "မင်းအနာဂတ်မှ ရွေးချယ်ရမယ့် လမ်းအတွက်၊ အမြန်ကြီး ဆုံးဖြတ်ချက်ချစရာ မလိုဘူး။ ပြန်သွားပြီး သေသေချာချာ စဥ်းစားပါ" လင်းဖုန်းက လီယွမ်ဖန်းအား ပြောလိုက်သည်။
"မင်းရဲ့ ဒဏ်ရာတွေက အပြည့်အဝ ပြန်မကောင်းသေးဘူး။ အချိန်ယူကာ စိတ်အေးအေးထားပြီး၊ မင်းရဲ့ အတွေးတွေကို စုစည်းလိုက်ပါ"

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...