အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ

398 44 2
                                    

အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ

ရှောင်ပုတန်၏ စကားများကို ကြားရသောအခါ၊ လင်းဖုန်း၏ အမူအရာသည် မပြောင်းသွားခဲ့ပဲ ပြန်မေးလိုက်သည်။ "အသေးစိတ်ကို ပြောပြပါဦး"

"ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာထဲကို ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ၊ ကျွန်တော်တို့က အစီအစဉ်အတိုင်း အုပ်စုနှစ်စု ခွဲလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ပဲ တုန်ခါမှုတစ်ခုက ပေါ်ပေါက်လာခဲ့တယ်။ ဒါက ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကြောင့် ဖြစ်တယ်လို့ ထင်ရတာပဲ" ရှောင်ပုတန်လေးက အခြေအနေကို ရှင်းပြလိုက်၏။ "ဒီတုန်ခါမှုကြောင့် ကျွန်တော်က၊ ဝင်ရိုးစွန်းနှစ်ဘက် စွမ်းအားတွေ အရမ်းအားကောင်းတဲ့ ရေပြင်တစ်နေရာမှာ ပိတ်မိနေခဲ့တယ်"

"မုကျိဟိုင်ကလည်း တိုက်ဆိုင်စွာနဲ့ အဲ့ဒီနေရာကို ဖြတ်သွားခဲ့ပြီး၊ ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်က ဝင်ရိုးစွန်းနှစ်ဘက် စွမ်းအားတွေကနေ လွတ်မြောက်ခဲ့ပြီးတာနဲ့၊ သူ့ကို သတ်ခဲ့လိုက်တယ်"

ရှောင်ပုတန်လေးသည် ခဏတာ ငြိမ်သက်သွားပြီးနောက်တွင်၊ ဖြည့်စွက်ပြောကြားလိုက်သည်။ "ဒါပေမဲ့၊ အဲ့ဒီနေရာမှာ ကျွန်တော်တို့ နှစ်ယောက်တည်း ရှိနေကြတယ်ထင်တယ်။ တစ်ယောက်ကိုမှ မတွေ့မိဘူး"

လင်းဖုန်းက သူ၏ခေါင်းကိုခါလိုက်သည်။ "မျက်မြင်သက်သေ မရှိပေမဲ့၊ ချောင်ဝေကတော့ မုကျိဟိုင်ကို မင်းကသတ်လိုက်မှန်း သိနေမှာပဲ။ ဒီလိုမျိုး ဗဟိုတပည့်တွေရဲ့ ကိုယ်ပေါ်မှာ၊ ချောင်ဝေက သူ့ရဲ့ မှော်စွမ်းအင် အမှတ်တွေကို ထည့်သွင်းထားမှာပဲ။ သူက ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာထဲမှာ ကပ်ဆိုးတစ်ခုနဲ့ကြုံပြီး သေသွားရင်တော့၊ ဒါက ကံမကောင်းမှု သက်သက် ဖြစ်မယ်"

"ဒါပေမဲ့ သူက အသတ်ခံလိုက်ရရင်တော့၊ ချောင်ဝေက ချက်ချင်းသိခဲ့မှာပဲ"

"ဒါပေမဲ့ ကိစ္စမရှိပါဘူး" လင်းဖုန်းက ပြောလိုက်သည်။ "လူဆိုတာက ရန်သူနဲ့မိတ်ဆွေတို့ကို ခွဲခြားသိရမယ်။ သေချင်နေတဲ့သူက အနှေးနဲ့အမြန် အသတ်ခံရမှာပဲ။ ချောင်ဝေက မကျေနပ်လို့ရှိရင်၊ ငါ့ကိုလာရှာနိုင်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now