စာစဥ် ၃၄ : အပိုင်း ၂၀
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့ဟာကို ပြန်ယူမယ်
ထိုအဖြူရောင် ဝတ်စုံနှင့် အကြီးအကဲသည် ယင်းလော်ရှနှင့် ရှုယွင်စန်းတို့၏ မှော်အိုင်တမ်များကို လုယူရန် ကြိုးစားခဲ့သည်။ သူတို့နှစ်ယောက်တို့ကလည်း ထိုသို့အဖြစ်မခံနိုင်ပဲ မှော်အိုင်တမ်များကို အလောတကြီးနှင့် ပြန်လည်ရယူနိုင်ရန် ကြိုးစားခဲ့၏။
သူတို့သည် သူတို့၏ မှော်အိုင်တမ်များအား အမိန့်ပေးရန် ကြိုးစားနေခဲ့သော်လည်း ထိုအိုင်တမ်များသည် သူတို့၏စကားကို နားမထောင်တော့ကြောင်း သတိပြုမိလိုက်ကြသည်။ သူတိုသည် အလုယူခံသွားရတော့မလို ဖြစ်နေကြ၏။
ယင်းလော်ရှက နှာမှုတ်လိုက်သည်။ "ငါတို့က လူငယ်ကို အနိုင်ရခဲ့တော့ လူကြီးက ဝင်ပါတယ်။ လူကြီးကလည်း မနိုင်တော့ အကြီးဆုံးလူက ရောက်လာခဲ့တယ်"
သူ၏စကားများသည် မုန့်ပေးနှင့် တုတင်းတို့၏ မျက်နှာများကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူတို့သည် အလွန်အမင်းကို အရှက်ရသွားကြသည်။
အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲက ပြောလိုက်သည်။ "မင်းတို့ကငါ့ကို တွေ့ရတာက ကံကောင်းလို့ပါ။ ရှုံးနိမ့်တာကို ခံပြင်းမနေကြပါနဲ့"
"ဘယ်လိုလုပ်ပြီး ခံမပြင်းလို့ ရမလဲ" ယင်းလော်ရှက နှာမှုတ်လိုက်သည်။ "ခင်ဗျားက ကျုပ်တို့ကို ကျင့်ကြံမှုနဲ့ အနိုင်ကျင့်တာပဲ။ သံသရာဂိုဏ်း တစ်ဂိုဏ်းထဲပဲ အခြေတည်ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေ ရှိတယ်လို့ ထင်နေတာလား"
"ကျုပ်က ခင်ဗျားရဲ့တပည့်တွေလိုမျိုး အရေခွံမထူဘူး။ ကျုပ်အတွက် အကြီးအကဲတစ်ယောက်က လာကူညီစရာ မလိုဘူး။ ကျုပ်အခြေတည်ဝိညာဥ် အဆင့်ကို ရောက်တဲ့အချိန်မှာ ခင်ဗျားကို ကိုယ်တိုင်လာရှာပြီး ဒီကနေ့ အရှက်ရမှုအတွက် လက်စားပြန်ချေမယ်"
အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲက သူ့အား အကဲခတ်လိုက်သည်။ "မင်းက အိုင်တမ်တစ်ခုလေး ဆုံးရှုံးသွားတာနဲ့ ဒီလောက်အထိ အမြင်ကျဥ်းကျဥ်းနဲ့ ဒေါသတကြီး တွက်ချက်နေတယ်။ မင်းရဲ့ စိတ်အခြေအနေနဲ့ဆိုရင် အခြေတည်ဝိညာဥ် မပြောနဲ့ ရွှေရောင်ဗဟိုချက်ကိုတောင် ဖန်ဆင်းနိုင်မှာ မဟုတ်ဘူး။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက မင်းလို တပည့်မျိုးကို ရထားတာ နှမြောစရာပဲ"

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...