အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း

401 55 0
                                    

အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း

သူ၏မှော်စွမ်းအင်ကို အသုံးပြု၍ ရှောင်ယန်၏ အတွင်းဒဏ်ရာ အခြေအနေကို စမ်းစစ်လိုက်အပြီးတွင်၊ လင်းဖုန်း၏မျက်နှာတွင် ထူးခြားသော အမူအရာ တစ်ခုက ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှောင်ယန်၏ ဒဏ်ရာမှာ ပြင်ပစွမ်းအားများကြောင့် မဟုတ်ပေ။ ပြီးတော့လည်း နန်းမင် အကြွင်းမဲ့မီးတောက်မှာ တိုက်ခိုက်မှု အပြီးတွင် သူ၏ ကိုယ်အတွင်း၌ ကျန်နေခဲ့သော၊ မီးတောက် အကြွင်းအကျန်လည်း မဟုတ်ပေ။

လင်းဖုန်း၏ သုံးသပ်ချက်များ အရဆိုလျှင်၊ ရှောင်ယန်သည် နန်းမင် အကြွင်းမဲ့ မီးတောက်အား သူ့ဘာသာသူ ကြိုးစားစုပ်ယူနေခြင်း ဖြစ်သည်။ အကြွင်းမဲ့မီးတောက် သုံးမျိုးတို့သည် သူ၏ ခန္ဓာကိုယ် အတွင်းတွင် အချင်းချင်း ပဋိပက္ခဖြစ်လာကြလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။

အခြားစကားလုံးဖြင့် ပြောရလျှင်၊ ရှောင်ယန်၏ လက်ရှိအခြေအနေသည် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။

မဟာအကြွင်းမဲ့ မီးတောက်ခုနှစ်မျိုး တို့သည်၊ ကောင်းကင်နှင့် မြေကြီးတို့အား လောင်ကျွမ်းနိုင်စွမ်း ရှိကြသည်။ သူတို့အချင်းချင်း ဆုံတွေ့ခဲ့မည်ဆိုလျှင်၊ အချင်းချင်း ဆက်ဆံရေး ကောင်းနိုင်ကြမည် မဟုတ်ပေ။

သူတို့သည် ခေါင်းဆောင်နေရာကို လုနေကြသော ကျားများအလား ဖြစ်နေကြပေမည်။ အနိုင်ရသူ တစ်ယောက် ပေါ်မလာမခြင်း၊ တိုက်ခိုက်မှုကို ရပ်တန့်ကြလိမ့်မည် မဟုတ်ချေ။

အစပထမတွင် ရှောင်ယန်သည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်နှင့် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်တို့အား အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်းမှာ၊ ထူးခြားသော အကြောင်းရင်းများကြောင့် ဖြစ်သည်။

မဟာသူရိယ အကြွင်းမဲ့ မီးတောက် အနေနှင့်မူ၊ သူသည် မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာအား လေ့ကျင့်ထားနိုင်ခဲ့သည်။ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက် အတွက်ဆိုလျှင်၊ သူသည် ရောင်ခြည်နတ်ဆိုး အာဏာရှင်ဓားအား ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now