အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ

424 43 0
                                    

အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ

ရှီကျုံးယွဲ့နှင့် ကျန်သော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများသည်၊ ရှောင်ပုတန်လေးက စိတ်ဝိညာဉ် စွမ်းအင်များအား စုပ်ယူ၍ အရေအတွက်သုံးခု အင်းရှစ်ကွက် သင်္ကေတအား ဖန်ဆင်းခဲ့သည်ကို ကြည့်နေကြ၏။

ပုံမှန်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်၏ မှော်ကျိန်စာမှာ အမျိုးအစား တစ်မျိုးတည်း ဖြစ်၏။ သူတို့သည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ ရောက်ရှိပြီးသွားလျှင်၊ သူတို့သည် သူတို့၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင် တစ်မျိုးကိုသာလျှင် ထိန်းချုပ်နိုင်စွမ်း ရှိမည်ဖြစ်သည်။

ပို၍ကောင်းမွန်သော တာအိုနည်းစနစ်များ အတွက်ဆိုလျှင်၊ သူတို့အား ပြည့်စုံစွာ လေ့ကျင့်ပြီးနိုင်သော ကျင့်ကြံသူများသည် သူတို့၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်များကို တစ်မျိုးထက်ပို၍ အသုံးပြုနိုင်ကြမည် ဖြစ်သည်။

ဥပမာ အနေဖြင့် မဟာချင် အင်ပါယာမှ တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာမှ အစိတ်အပိုင်း ငါးခုစလုံးတို့အား ကျွမ်းကျင်တတ်မြောက်သွားပြီးသော၊ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည်၊ စိတ်ဝိညာဉ် စွမ်းအင်ငါးမျိုးအား ထိန်းချုပ်နိုင်မည်ဖြစ်ကာ နဂါးငါးကောင်အား ဖန်ဆင်းနိုင်မည် ဖြစ်သည်။ သူတို့သည် သတ္တု၊ သစ်သား၊ မီးတောက်၊ ရေပြင်နှင့် မြေကြီးတို့၏ စွမ်းအားများကို ထုတ်သုံးနိုင်မည် ဖြစ်၍၊ ထိပ်တန်းတကာ့ ထိပ်တန်းအဆင့် တာအိုနည်းစနစ်ဟူ၍ ပြော၍ရပေသည်။

သို့သော်လည်း ရှောင်ပုတန်နှင့် ဇူရီနှစ်ယောက်စလုံးတို့သည် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင် ရှစ်မျိုးအား စုပ်ယူနိုင်ခဲ့၍၊ သူတို့၏ အရေအတွက်သုံးခု အင်းရှစ်ကွက်တို့အား ဖန်ဆင်းနိုင်ခဲ့ကြသည်။ ထိုကဲ့သို့သော ထူးခြားဖြစ်စဉ်မျိုးသည် လူတစ်ယောက်ကသာ ပြုလုပ်နိုင်ခဲ့ပါက၊ သူသည် သူ၏ကိုယ်ပိုင် စွမ်းအားများကြောင့် ဖြစ်နိုင်သည်ဟု ယူဆနိုင်စရာ ရှိသေးသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now