အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး

425 44 0
                                    

အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး

လက်ရှိတိုက်ပွဲ အခြေအနေတွင် ရှောင်ပုတန်လေးသည် အခြေအနေများကို ပြောင်းပြန်လှန်နိုင်ခဲ့၍ အသာစီးရနေခဲ့ရာ၊ လင်းဖုန်းက ချောင်ဝေအား ထပ်မံတိုက်ခိုက်လိုက်သည်။

လူများစွာတို့အဖို့ မဟာဂိုဏ်းချုပ်များ ဖြစ်ကြသော လင်းဖုန်းနှင့် ချောင်ဝေတို့ အကြားမှ တိုက်ပွဲမှာ၊ စိတ်ဝိညာဉ် အစည်းအဝေးမှ တိုက်ခိုက်ကြသော ပြိုင်ပွဲများထက် ပို၍စိတ်ဝင်စားစရာ ကောင်းနေပေသည်။

အစောပိုင်းက တောက်ယုတင်းနှင့် ဝမ်လင်းတို့၏ တိုက်ပွဲတွင်၊ သူတို့နှစ်ယောက်က လောင်းထားကြသေးသည်။ ယခုအချိန်တွင် ရှုံးကြွေးဆပ်နိုင်လျှင်ဆပ်၊ မဆပ်နိုင်လျှင် နှစ်ဆဖြစ်တော့မည် ဖြစ်သည်။

အားလုံးတို့သည် ချောင်ဝေအား မျက်တောင်မခတ်ပဲနှင့် စိုက်ကြည့်နေကြသည်။ သူက ဤစိန်ခေါ်မှုအား မည်သို့ တုံ့ပြန်မည်ကို သိချင်နေကြသည်။ ဘာပဲပြောပြော ပုန်းကွယ်နေသော နဂါးချောက် အတွင်းတွင်၊ စုန့်ချင်းယွမ်က အောက်စည်းရောက်နေခဲ့သည် ဖြစ်နေ၏။

"မာစတာလင်းက စိတ်ဝင်စားနေတယ် ဆိုတော့လည်း၊ ကျုပ်က ငြင်းဖို့အကြောင်း မရှိပါဘူး" ချောင်ဝေ၏ အမူအရာသည် တစ်စက်မှ မပျက်ပဲ ပြန်ပြောလိုက်သည်။ သူ၏ လေသံသည် သေရမှာ မကြောက်သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူသည် လင်းဖုန်းနှင့် သူသေကိုယ်သေ ယှဉ်ပြိုင်ချင်နေပေသည်။

လင်းဖုန်းအား ကြည့်လိုက်၍ သူက ပွင့်လင်းစွာ ပြောလိုက်သည်။ "တကယ်လို့ ခင်ဗျားရဲ့ တပည့်က ရှုံးသွားလို့ရှိရင်၊ ရေခဲမီးလျှံ သစ်သီးနဲ့ ယုကျင်းတောင်ပေါ်က ကျောက်တုံးအပြင်၊ ခင်ဗျားရဲ့ ရတနာ သစ်ပင်က သစ်ကိုင်းတစ်ကိုင်းပါ ပေးရမယ်၊ ဘယ်လိုလဲ?"

လင်းဖုန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ "ခင်ဗျားက ဒီပစ္စည်းတွေကိုပဲ မျက်စိကျနေပါလား?"

ခဏကြာပြီးမှ လင်းဖုန်းက ထပ်ပြောလိုက်သည်။ "ပြဿနာ မရှိဘူး။ ဒါပေမဲ့ ကျုပ်တပည့်လေးက နိုင်သွားလို့ရှိရင်၊ နဂိုလောင်းကြေးအပြင် နတ်ရေကန်ဂိုဏ်းရဲ့ အထူးဝိသေသ ဖြစ်တဲ့၊ ဝင်ရိုးစွန်းနှစ်ဘက် နတ်ပန်းပွင့်ကို ပေးရမယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံပါသလား၊ မာစတာချောင်?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now