အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း

389 52 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၅

အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း

လင်းဖုန်းသည် ဝမ်လင်း၏ဘေးမှနေ၍ သူ၏တပည့်အား ကြည့်နေခဲ့သည်။

ဝမ်လင်းသည် သေမင်းအော်ရာထက်ပင် ပို၍မည်းမှောင်ကာ အထီးကျန်သည့်၊ အနက်ရောင် မြူခိုးငွေ့များ အကြားတွင် လွှမ်းခြုံ၍ နေခဲ့သည်။ သူ့တွင် အစွန်းနှစ်ဘက် စွမ်းအားတို့၏ အဆီအနှစ်များ ပါဝင်နေကာ၊ သေခြင်းနှင့် ရှင်ခြင်းတို့၏ အစွန်းတရား နှစ်ဘက်တို့၏ သဘောတရားများကို သယ်ဆောင်ထားခဲ့သည်။

အနက်ရောင် မြူခိုးငွေ့များ အကြားတွင်၊ တစ်ယောက်သည် သဘာဝ ဓာတ်ရှစ်ပါးများ ဖြစ်ကြသော - ကောင်းကင်၊ မြေကြီး၊ လေပြင်း၊ မိုးကြိုး၊ ရေပြင်၊ မီးတောက်၊ တောင်တန်းနှင့် ရေအိုင်တို့က ပေါင်းစည်း၍ လွင့်မျောနေကြကာ၊ အသစ်စက်စက် ကမ္ဘာတစ်ခုအား တည်ဆောက်နေသည်ကို ရေးရေးလေး မြင်နိုင်ပေသည်။ သို့သော်လည်း ထိုကမ္ဘာလေးသည် ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက်၊ ဖျက်ဆီးနိုင်သည့် စွမ်းအားများကြောင့် ပြိုကွဲသွားခဲ့လေသည်။

သို့သော်လည်း ကမ္ဘာကြီးသည် တစ်စစီ ဖြစ်သွားသော်လည်း၊ မကွယ်ပျောက်သွားခဲ့ပေ။ ထို့အစား သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး၊ ပို၍ပို၍ သိပ်သည်းလာသော သန်မာသည့် အသက်စွမ်းအင်တို့သည် အနက်ရောင် မြူခိုးငွေ့များအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

လင်းဖုန်းသည် တည်ငြိမ်နေသော ဝမ်လင်း၏ အမူအရာအား ကြည့်လိုက်ကာ၊ သူ၏ခေါင်းအတွင်းတွင် အတိတ်မှ မှတ်ဉာဏ်အချို့က ပြန်ပေါ်လာခဲ့သည်။

သူသည် ဝမ်လင်းအား မည်သည့်အချိန်၊ မည်သည့်နေရာတွင် စတင်တွေ့ခဲ့သည်ကို မှတ်မိလိုက်သည်။ ထိုအချိန်သည် သူသည် စတုတ္ထမြောက် တပည့်အား အသည်းအသန် လိုက်ရှာနေချိန် ဖြစ်သည်။ သူသည် ဝမ်လင်းအကြောင်းကို သတင်းကြားမိ၍၊ ဟန်တောင်ကျောင်းတော်အား အလျှင်အမြန် သွားခဲ့သော်လည်း၊ ဝမ်လင်းသည် ဟန်တောင်ကျောင်းတော် အတွင်းသို့ ဝင်ရောက်သွားပြီးစ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now