အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း

366 44 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁

အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း

သာမန်လူတစ်ယောက် အနေနှင့်ဆိုလျှင်၊ သူ၏ကိုယ်ပိုင်နေရာနှင့် ကျန်သောသူများ၏ နေရာတွင် နေပုံထိုင်ပုံများက တူမည်မဟုတ်ပေ။ ဒါသည် ကြောက်ရွံ့ခြင်း၊ သတိထားခြင်းများကြောင့် မဟုတ်ပဲ၊ လူတစ်ယောက်၏ မွေးရာပါ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု စနစ်ကြောင့် ဖြစ်သည်။

လင်းဖုန်းသည် တောင်ကုန်းပေါ်မှနေ၍ ကျွင်းကျိနင်နှင့် ယန်မိသားစုမှ ကျင့်ကြံသူတို့၏ တိုက်ခိုက်မှုအား ကြည့်နေခြင်းသည်၊ အိမ်ရှင်က သူ့အိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ရန်ဖြစ်နေကြသော ကလေးတို့အား၊ ရယ်ချင်စိတ်ဖြင့် ကြည့်နေသကဲ့သို့ ဖြစ်သည်။

သူ၏ အပြုအမူတို့သည် ကျွင်းကျိနင်အား အတွေးပွားစေခဲ့သည်။ "ခွန်းလွန်တောင်ခြေ မြောက်ပိုင်းဟာ၊ အခုတလောမှာ နာမည်ကြီးလာတဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နေရာဖြစ်တယ်။ သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်များလား?"

ထိုအကြောင်းတွေးမိသည်နှင့် သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာခဲ့သည်။ "အဖေက ပြောတာကြားဖူးတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းတို့က၊ နီးကပ်တဲ့ ဆက်ဆံရေး ရှိကြတယ်။ ငါတို့ရဲ့ ကျွင်းမိသားစုက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ အဆက်အသွယ် မရှိသေးပေမဲ့၊ ဆက်ဆံရေး တည်ဆောက်လို့ ဖြစ်နိုင်တယ်။ သူကငါ့ရဲ့ ကယ်တင်ရှင် ဖြစ်နိုင်တယ်"

သူမအား တိုက်ခိုက်လာမှုများကို ရုန်းကန်ရှောင်ရှားလိုက်၍၊ ကျွင်းကျိနင်သည် လင်းဖုန်းအား အော်ပြောလိုက်သည်။ "စီနီယာက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကလားရှင့်"

သူမ၏စကားအား ကြားလိုက်ရသော်၊ သူမကို ဝိုင်းရံတိုက်ခိုက်နေကြသည့် ယန်မိသားစုမှ ကျင့်ကြံသူ သုံးယောက်တို့သည် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့သည် လင်းဖုန်းအား ဝိုင်းကြည့်လိုက်ကြကာ၊ အတန်ငယ် သတိထားနေခဲ့ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now