အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်

359 42 0
                                    

စာစဥ် ၃၁ : အပိုင်း ၁

အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်

ရှီထျန်းဟောင်က ခေါင်းကိုစောင်း၍ ရှီထျန်းရီအား ကြည့်လိုက်ကာ သူ၏မျက်လုံးများ အတွင်းတွင် ခက်ထန်သော အကြည့်ကို တွေ့နိုင်သည်။ သူ၏ သွားများကို ဖော်ပြလိုက်၍ ပြုံးလိုက်ကာ ပြောလိုက်၏။ "ဒီသုံးရက်အတွင်းမှာ မင်းအဖေကို သေချာကြည့်ထားရင် ကောင်းမယ်။ မဟုတ်လို့ရှိရင် သူက ငါတို့ရဲ့ တိုက်ပွဲကို ကြည့်နိုင်မှာ မဟုတ်ဘူး"

သူသည် စနောက်နေသကဲ့သို့ ပြောလိုက်သော်လည်း အခင်းတွင် ရှိနေသော သူတစ်ယောက်မှ မရယ်နိုင်ကြပေ။ အားလုံးတို့သည် သူ၏ ကိုယ်အတွင်းမှ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော လူသတ်လိုစိတ်အား ခံစားနေနိုင်သည်။

လွန်ခဲ့သော ဆယ်စုနှစ်က ရှီထျန်းရီ၏ ဖခင်သည် ရှီထျန်းဟောင်၏ ဖခင်မိသားစုတို့အား နှင်ထုတ်ခဲ့သူ ဖြစ်၏။ သိပ်မကြာသေးခင်တွင်ကလည်း ရှီထျန်းဟောင်၏ မိဘများကို သတ်ဖြတ်ရန် ထောင်ချောက်ဆင်ခဲ့သူမှာလည်း သူပင်ဖြစ်၏။

ရှီထျန်းဟောင်၏ စကားများကို ကြားလိုက်ရသော် ရှီထျန်းရီအား ထောက်ခံသူများသည် ရင်ထဲမှနေ၍ တုန်လှုပ်ခြောက်ခြားကုန်ကြသည်။ ရှီထျန်းရီ၏ ဖခင်သည်လည်း သူ၏မျက်နှာတစ်ခုလုံး ပူထူလာသကဲ့သို့ ခံစားနေခဲ့ရသည်။

ယခုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတို့သည် ရှီထျန်းဟောင်၏ စကားများသည် လေလုံးထွားရုံသက်သက် မဟုတ်ကြောင်းကို ဖော်ပြနေကြ၏။ ရန်သူတို့သည် လွယ်ကူစွာနှင့် တွေ့ဆုံလေ့ ရှိကြပြီး သူ၏ ဦးကြီးသည် ယခုအချိန်တွင် အသက်အန္တရာယ် ရှိနေပေပြီ။

တစ်စုံတစ်ယောက်သည် ရွှမ်းလင်သူတော်စင်နှင့် ရှီဝူတို့ နှစ်ယောက်စလုံးတို့က ဤနေရာတွင် ရှိနေကြသည်ကို တွေ့လိုက်သဖြင့် သတ္တိရှိလာပြီး ရှီထျန်းဟောင်အား အပြစ်တင်မည်ဟု ကြံလိုက်ကြ၏။ သို့သော်လည်း လင်းဖုန်းက သူ၏ဘေးတွင် ဟန်ပန် အမူအရာ ကင်းမဲ့စွာနှင့် ရပ်နေသည်ကို တွေ့လိုက်ရသော် သူတို့၏ စကားလုံးများကို လျှင်မြန်စွာနှင့် ပြန်လည်မျိုချလိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now