ဂန္တဝင် ဂိုဏ်းချုပ်
စာစဥ် ၂၀ : အပိုင်း ၁၉
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
ချူးယန်၏ မျက်ခွံများမှာ အောက်သို့တွဲကျနေခဲ့ပြီး၊ သူ၏အကြည့်ကို သူ၏အရှေ့မှ အုတ်တုံးများ အပေါ်တွင် ပို့ထားခဲ့သည်။ သို့သော်လည်း သူ၏ အာရုံများ အားလုံးကို လင်းဖုန်း၏ အပေါ်တွင် ထားထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန်အမင်းကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘဝလမ်းကြောင်းသည် မဖြောင့်ဖြူးတော့ပဲ၊ သူအရင်ကလို အားကိုး၍ မရသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဒါသည် သူ၏ဘဝအား ပြောင်းလဲမှု ဖြစ်စေနိုင်သော အကြီးမားဆုံး အခွင့်အရေး ဖြစ်သည်။
အကယ်၍ လင်းဖုန်းတစ်ယောက်တည်းဆိုလျှင်၊ ချူးယန်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်၍ ရနိုင်သေးသည်။ သူသည် တစ်ယောက်တည်း တံခါးပိတ် လေ့ကျင့်နေသူဖြစ်၍၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိသလောက် ဖြစ်နိုင်သည်။ ပြီးမှ လေ့ကျင့်မှု ပြီးဆုံး၍ မူလကောင်းကင် ကမ္ဘာသို့ ပြန်ထွက်လာခြင်း ဖြစ်မည်။ ထို့ကြောင့် ချူးယန်က အရင်က လင်းဖုန်းအား မတွေ့ခဲ့ရခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကိုပါ ထည့်တွက်လိုက်ပါက၊ လုံးဝကို ကွဲပြားခြားနားသော ကိစ္စနှစ်ရပ်ဖြစ်သည်။
ထိုအချိန်က ဝူချင်လျှိုသည် မဟာချင် အင်ပါယာအား ခြိမ်းခြောက်နေသည့်၊ မိသားစုကြီး လေးခု၏ စွမ်းအားများကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုအချိန်တွင် သူသည် တော်ဝင်မိသားစု၏ ဘက်မှဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ၊ ဝူချင်လျှိုသည် မိသားစုကြီးများနှင့် နီးကပ်သော ဆက်ဆံရေးရှိကာ၊ သူတို့နှင့် ပူးပေါင်း၍ တော်ဝင်မိသားစုအား ဖိအားပေးနေခဲ့သည်။
ဝူချင်လျှိုသည် မိသားစုကြီးများနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် နီးကပ်စွာ ဆက်ဆံနေခဲ့သည် ဖြစ်ဖြစ်၊ ဒါသည် ချူးယန်၏ အတွေ့အကြုံများနှင့် ကွာခြားနေ၏။

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...