အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး

306 38 0
                                    

စာစဥ် ၃၄ : အပိုင်း ၁

အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး

လင်းဖုန်းသည် အလင်းတန်း ပင်လယ်အတွင်းမှ ရွှေရောင် ငါးကြင်းများကို စောင့်ကြည့်နေခဲ့ကာ သူတို့၏ အသက်စွမ်းအင် ပုံစံများက ပြောင်းလဲသွားကြပြီ ဖြစ်သည်ကို သဘောပေါက်ခဲ့လိုက်သည်။

ရွှေရောင်မျက်လုံးနှင့် အနက်ရောင် ငါးများသည် အလွန်အမင်း အေးစက်သော ယင်စိတ်ဝိညာဥ် စွမ်းအင်များကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့သည် ကိုယ်ပိုင်စိတ်ဝိညာဥ်နှင့် သာမန်ဘဝမျိုးကိုသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

သို့သော်လည်း သူသည်သည် အလင်းတန်း ပင်လယ်အတွင်းသို့ ဝင်သွားပြီးကြသောအချိန်တွင် ရွှေရောင်ငါးကြင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၍ ကိုယ်ပိုင်ဘဝများ ပျောက်ဆုံးသွားကြသည်။ သူတို့သည် ထူးခြားသော မျိုးစိတ်များ အဖြစ်သို့ ပြောင်းသွားကြ၏။

လင်းဖုန်းသည် သူ၏ သဘာဝလွန် အသိစိတ်အား အသုံးပြုကာ စမ်းစစ်လိုက်သည်။ ထိုရွှေရောင် ငါးကြင်းများသည် ကိုယ်ပိုင် အတွေးနှင့် အသိစိတ်များ ရှိနေကြကာ ယခင်မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့သည် သန့်စင်သော ဘဝများ မဟုတ်တော့ပေ။ သူတို့သည် ထိုအလင်းတန်း ပင်လယ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သွားကြပြီ ဖြစ်သည်။

စက်လုံးနှင့် အလင်းတန်း ပင်လယ်တို့၏ လွှမ်းမိုးမှုကို ခံခဲ့ကြရကာ ရွှေရောင် ငါးကြင်းများသည် ထာဝရ ကြမ္မာပန်းတိုင်၏ သဘောတရားနှင့် အော်ရာတို့ကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

"ဒါက အင်မော်တယ်ဝိညာဥ်ကို ဖန်ဆင်းတာနဲ့ တူနေတယ်။ တစ်ယောက်ဟာ ကောင်းကင်နဲ့ မြေကြီးတို့နဲ့ ပေါင်းစည်းသွားပြီးရင် အင်မော်တယ် ဖြစ်နိုင်တယ်။ တကယ်လို့ ကောင်းကင်နဲ့ မြေကြီးတို့က မပျက်စီးခဲ့ရင် သူတို့ကလည်း မပျက်စီးဘူး" ရှီကျုံးထျန်းက တီးတိုးရေရွတ်လိုက်သည်။ "ဒီရွှေရောင်ငါးကြင်းတွေက ဒီလိုမျိုး ဖြစ်ရပ်အတိုင်း ဖြစ်နေတာ။ တကယ်လို့ ဒီကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာက မပျက်စီးရင် သူတို့ကလည်း ထာဝရ နေနိုင်လိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now