အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ

343 38 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၆

အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ

ဧရာမ ဆီးနှင်းမုန်တိုင်း တစ်ခုသည် ရှီထျန်းဟောင်ထံသို့ ပေါက်ထွက်လာသော ရေကာတာကဲ့သို့ ကျရောက်လာခဲ့သည်။ ချောင်ဝေသည် ဖရိုဖရဲဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူကာ သူ၏ပြိုင်ဘက်ကို အပြတ်ရှင်းချင်နေ၏။

လင်းဖုန်းသည် သူ့အား တစ်ချက်ကြည့်လိုက်ကာ ဆီးနှင်းနှင့် ရေခဲများကို သူ၏ကိုယ်ပေါ်သို့ အဖုံးလွှမ်းခံခဲ့သည်။

ခဏအကြာတွင် လင်းဖုန်း၏ အပေါ်တွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏။ ဟင်းလင်းပြင် အတွင်းမှ ဒင်ကနဲ မြည်သွားခဲ့ကာ ခေါင်းလောင်းတစ်ခုသည် ဟင်းလင်းပြင်ထံသို့ ချိုးဖောက်ရောက်လာခဲ့သည်။

တစ်ချက်တီးလိုက်သည်နှင့် ချောင်ဝေ၏ ရေခဲဆီးနှင်းများသည် ချက်ချင်းပင် အငွေ့ပျံသွားကြ၏။

ဒါသည် ကြမ္မာပန်းတိုင် ခေါင်းလောင်းမှလွဲ၍ အခြားမဟုတ်ပေ။

ခေါင်းလောင်း၏ပုံစံသည် တဖြည်းဖြည်းနှင့် ဧရာမ ကျောက်တုံးဂိတ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဂိတ်၏အရှေ့တွင် ရှေးဟောင်း သင်္ကေတများ၊ ရုပ်ပုံများနှင့် ပြည့်နှက်နေခဲ့၏။ အတွင်းဘက်မှနေ၍ အသက်စွမ်းအင်များကို ခံစားနိုင်ခဲ့သည်။

ခေါင်းလောင်းသံများ အဆက်မပြတ် မြည်လာခြင်းနှင့်အတူ ကျောက်တုံးဂိတ်ကြီးသည် အသက်စွမ်းအင် အရိပ်အရောင်များကို ဖော်ပြနေခဲ့သည်။ ဒါသည် ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ ပထမ ပြောင်းလဲခြင်းဖြစ်သော အသက်ဖန်ဆင်းခြင်း တံခါးဖြစ်သည်။

ဒါသည် အသက်တို့၏ စတင်ခြင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ ဂိတ်အတွင်းမှနေ၍ အရာအားလုံးတို့သည် ဖန်ဆင်းခြင်း စွမ်းအားတို့ဖြင့် ထွက်လာကြသည်။

နားကွဲလုမတတ် မြည်ဟည်းသံတစ်ခုဖြင့် လေးလံလှသော ဂိတ်ကြီးသည် ပွင့်သွားခဲ့၏။

လူအုပ်ကြီးသည် တိတ်ဆိတ်သွားကြကာ အသက်ပင် မရှူနိုင်ကြပဲ အံ့ဩမှင်သက်နေကြသည်။ ကောင်းဟန်၊ ရွှမ်းလင်သူတော်စင်နှင့် ချင်ဧကရာဇ်တို့ပင် သူတို့၏ အာရုံများ အားလုံးကို ဤဖန်ဆင်းခြင်း တံခါးအပေါ်သို့ စူးစိုက်ထားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now