စာစဥ်၃၄ : အပိုင်း ၁၁
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
သေမင်းခန်းမမှ သတင်းမဖြန့်ခဲ့ခြင်းကြောင့် လင်းဖုန်း၏ အစီအစဥ်များမှာ အလကား ဖြစ်သွားခဲ့သည်။
"ကြည့်ရတာ သူတို့က အကြံကြီးကြီး ကြံနေကြတယ် ထင်တယ်" လင်းဖုန်းက သူ၏ခေါင်းကိုခါလိုက်ကာ ရယ်လိုက်သည်။
မှော်ရတနာ သန္ဓေလောင်း၏ ပြဿနာကို ဖြေရှင်းပြီးသွားသောအခါ အံ့ဖွယ် ကောင်းကင်ကမ္ဘာအား တိုးတက်အောင် ပြုလုပ်ရာတွင် ပို၍ အဆင်ပြေ ချောမွေ့သွားခဲ့သည်။
ရွေးချယ်စိစစ်အပြီးတွင် အခြား မဟာအင်အားစုများကိုလည်း ကမ္ဘာအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။
လင်းဖုန်းသည် အံ့ဖွယ် ကောင်းကင်ကမ္ဘာနှင့် စက်လုံးတို့အား ခွဲခြားထားနိုင်ခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲအနေနှင့် သူသည် ဟင်းလင်းပြင် အတွင်း၌သာ ဖြစ်၍ လျှင်မြန်စွာနှင့် ပြီးဆုံးသွားသော်လည်း သူသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများကို သတိထားမိစေခဲ့သည်။
သူတို့ အများစုသည် သတိထားမိခဲ့သော်လည်း အခြေအနေ အသေးစိတ်ကို မသိကြချေ။ ခန့်မှန်းမှုများကိုသာ ပြုလုပ်နိုင်ခဲ့ကြသည်။
ယုကျင်းတောင်ပေါ်မှသူများသာ ကျယ်ပြန့်လှသည့် အနက်ရောင် ပင်လယ်အသစ်တစ်ခုသည် ယုကျင်းတောင်ခြေတွင် ပေါ်လာသည်ကို တွေ့မြင်ခဲ့ကြရသည်။ သူတို့သည် အံ့အားသင့်ကာ တုန်လှုပ်နေခဲ့ကြ၏။
ယခုအချိန်တွင် ယင်ယန်ပင်လယ်အား ကန့်သတ်နယ်မြေ တစ်ခုအဖြစ် လင်းဖုန်းက ယာယီသတ်မှတ်ထား၏။ သတ်မှတ်ထားသော အချို့လူများမှလွဲ၍ တစ်ယောက်မှ ဝင်ရောက်ခွင့်မရချေ။ သူတို့သည် အဝေးမှသာ ကြည့်နေနိုင်ကြသည်။
လင်းဖုန်းသည် ယုကျင်းတောင်ပေါ်သို့ ပြန်ရောက်သွားသောအခါ ရှီထျန်းဟောင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ဆရာ၊ ရန်သူက သေမင်းခန်းမကလား"
"ဟုတ်တယ်။ ရန်သူက သေမင်းခန်းမရဲ့ ထိပ်သီးခေါင်းဆောင်တစ်ယောက်ပဲ" လင်းဖုန်းက သူ၏ခေါင်းကိုလှည့်ကာ သူ၏တပည့်များကို ကြည့်လိုက်သည်။ "မင်းတို့တတွေက အနာဂတ်မှာ ဒီလိုလူမျိုးနဲ့ တွေ့နိုင်တယ်။ ကြိုတင်ပြီးတော့ ပြင်ဆင်ထားကြရလိမ့်မယ်"

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...