အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်

412 45 0
                                    

အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်

မူလတွင် လောင်းကြေးထပ်ကြသူများမှာ လင်းဖုန်းနှင့် ချောင်ဝေတို့သာ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင် လက်ဝဲမင်းသားရှန်၊ အလင်းဓားမြန် ဓားမာစတာ၊ လောင်းကစား သူတော်စင်နှင့် အသူရာ သူတော်စင်တို့သည်လည်း ဝင်ပါလာကြပြီ ဖြစ်သည်။ ထိုသူတို့သည်လည်း အရူးအမူး ဖြစ်လာကြမည်ဟု၊ လင်းဖုန်းရော ချောင်ဝေပါ မထင်မှတ်ထားကြပေ။

အထူးသဖြင့် နဂိုကတည်းက တိတ်ဆိတ်နေ၍ ဂရုမစိုက်သလို နေနေခဲ့သော၊ အသူရာ သူတော်စင်သည်ပင် ပါဝင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကျူးကော်ကွမ်းသည်လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ဟော်ရှုအား ပြုံး၍ကြည့်လိုက်ကာ ပြောလိုက်သည်။ "အိုး၊ ဟော်မိသားစုရဲ့ ခေါင်းဆောင်ကလည်း စိတ်ဝင်စားတာပဲလား? ခင်ဗျားက စပြောကြည့်ပါလား?"

ဟော်ရှုက ခေါင်ညိတ်လိုက်သည်။ သူ၏အရှေ့မှ လေထုသည် အနည်းငယ် တုန်ခါသွား၍၊ တောက်ပနေသော အစိမ်းရောင် ရတနာ တစ်ပါးက ပေါ်ထွက်လာခဲ့သည်။

ထိုအရာသည် မြစိမ်းဖြင့် ထုလုပ်ထားသော ဦးခေါင်းခွံလေးဖြစ်သည်။ သူသည် အလွန်အမင်း သေးငယ်နူးညံ့၍၊ ကလေးငယ် တစ်ယောက်၏ လက်သီးဆုပ်အရွယ်ရှိ၏။ ရွှန်းလဲ့စိမ်းစိုနေသော အရောင်များကို ထုတ်လွှတ်နေခဲ့၍၊ အလွန်တရာ ကောင်းမွန်သည့်ပုံ ပေါက်နေပေသည်။

ထိုမြစိမ်းဦးခေါင်းခွံသည် မည်သည့် စိတ်ဝိညာဉ် အော်ရာကိုမှ ထုတ်လွှတ်မနေခဲ့ပေ။ ဤနေရာတွင် ရှိနေကြသော လူအားလုံးတို့မှာ သူ့ကိုကြည့်လိုက်ကြ၍၊ ပဟေဠိ ဖြစ်နေကြ၏။ ထိုအိုင်တမ်သည် သွေးကြောရှစ်ချောင်း ဂျင်ဆင်းကဲ့သို နာမည်မကြီးပေ။ အားလုံးတို့သည် သူ့အား အချိန်အတော်ကြာ ကြည့်ပြီးကြသော်လည်း၊ သူ၏ မူလကို မဖော်ထုတ်နိုင်ခဲ့ကြပေ။

သို့သော်လည်း အပြာရောင်ခန်းမ သူတော်စင်၊ ချောင်ဝေနှင့် အခြား အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူများသည်၊ လေးနက်သော အမူအရာများနှင့် ကြည့်နေကြ၏။ သူတို့သည် သွေးကြောရှစ်ချောင်း ဂျင်ဆင်းအား ကြည့်သည်ထက်ပင် ပို၍လေးနက်စွာ ကြည့်နေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now