အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇

399 42 0
                                    

စာစဥ် ၂၉ : အပိုင်း ၅

အပိုင်း ၅၃၅ : နောက်တစ်ဆင့်သို့  တက်လှမ်းခြင်း

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် ရှင်ခြင်းနှင့် သေခြင်းတို့၏ ပြောင်းလဲခြင်းကို ဖော်ဆောင်နေခဲ့သည်။

သေမင်းဓာတ်ငွေ့ ကျောက်တုံးမှ အမှောင်စွမ်းအင်တို့သည် ထိုးတက်လာကြသည်။ ထိုစွမ်းအားသည် လူသန်းပေါင်းများစွာတို့ကို တပြိုင်နက်တည်း အသက်ရှူကျပ်စေနိုင်သည်။ သို့သော်လည်း ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ အောက်တွင် အားလုံးတို့သည် သန်စွမ်းသော အသက်စွမ်းအင် အဖြစ်သို့ ပြောင်းသွားခဲ့၏။

မရေမတွက်နိုင်သော မှော်ကျိန်စာ သင်္ကေတ ပုံသဏ္ဌာန်တို့ ပေါ်ပေါက်လာကြကာ သေးငယ်သော ဝင်္ကပါမြေပုံ အသေးစား လေးခုအဖြစ်သို့ ပြောင်းသွားကြသည်။ ထိုမြေပုံလေးခုတို့သည် လော်ချင်းဝူကို အတွင်းတွင် ထားလိုက်ကာ လှည့်ပတ်နေကြ၏။ မြေပုံတစ်ခုချင်းမှနေ၍ ကောင်မလေး၏ ကိုယ်အပေါ်သို့ အဖြူရောင် အလင်းတန်းများ ဖြာကျလာခဲ့၏။

လင်းဖုန်း၏ အမှတ်တံဆိပ် မှော်အိုင်တမ်ဖြစ်သော ကြမ္မာပန်းတိုင် ခေါင်းလောင်းသည် သူမ၏ ခေါင်းအပေါ်တွင် ပျံဝဲနေခဲ့ကာ၊ ပထမ ပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်၍ အသက်ဖန်ဆင်းခြင်း တံခါး အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ စွမ်းအားတို့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ အသက်ဖန်ဆင်းခြင်း တံခါးအပေါ်သို့ ကျသွားခဲ့၍၊ တံခါးသည် နားကွဲလုမတတ် အသံများဖြင့် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

ကျယ်ပြန့်ကြီးမားလှသည် အသက်စွမ်းအင်နှင့် ကြမ္မာစွမ်းအားတို့သည် အသက်ဖန်ဆင်းခြင်း တံခါးပေါ်မှနေ၍ လော်ချင်းဝူ၏ အပေါ်သို့ ဖြာကျလာခဲ့၏။

ကောင်မလေး ခံစားနေရသော အရာမှာ နွေးထွေးမှု ဖြစ်သည်။ သူမသည် အိမ်မက်နယ်မြေ အတွင်းသို့ ရောက်နေ၍ ရေနွေးကန် တစ်ခုအတွင်းတွင် စိမ်နေရသကဲ့သို့ ခံစားနေရ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now