အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ

316 39 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၄

အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ

နောက်ဆုံး မြင့်မြတ်သော အလင်းတန်းသည် ရှီထျန်းရီ၏ နဖူးအလယ်မှ တောက်ပစွာနှင့် လင်းလက်လာခဲ့သည်။ ဤအချိန်တွင် သူသည် နောက်ဆုံး မြင့်မြတ်သော အလင်းတန်းအား ထိန်းချုပ်နိုင်ရန် အပြည့်အဝ အာရုံစိုက်ထားခဲ့၏။ သူသည် ချုံးကောင်ကင် သတ်ဖြတ်ခြင်းတစ်ထောင် နည်းစနစ်အား ဂရုပင် မစိုက်နိုင်တော့ချေ။

သူသည် ဒွိစုံသူငယ်အိမ်၏ အကူအညီဖြင့် ဒဏ်ရာမရခင် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။ ထို့ကြောင့်သူသည် လက်များဖြင့် မှော်ကျိန်စာတစ်ခုအား ဖော်ထုတ်လိုက်၏။

ကောင်းကင်ယံမှ အပေါက်တစ်ခု ပေါ်လာခဲ့ကာ ရွှေရောင်အလင်းတန်းများ စုစည်းလာခဲ့ပြီး မှော်သင်္ကေတများ အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဒါသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ဒုတိယကောင်းကင် မှော်ကျိန်စာ ဖြစ်သည့် ရှန်ကောင်းကင် မြင့်မြတ်သော ကြယ်စင်အလင်းတန်း ဖြစ်၏။

ရှီထျန်းဟောင်၏ အနောက်မှ မဟာကစဥ့်ကလျား ဆေးမီးဖိုသည် အန်းမောင်ဦးခေါင်းခွံအား အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ် နှစ်ခုနှင့်အတူ ဖိနှိပ်ထားခဲ့သည်။ သူ၏လက်ရှိ အခြေအနေနှင့် ဆိုလျှင် ကျောက်တုံးဓားနှင့်ပင် ကြယ်စင်များ၏ တိုက်ခိုက်မှုအား ခုခံရန် ခဲယဥ်းပေသည်။

"မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း ဖြစ်ဖြစ်၊ အခြား ဘယ်အရာဖြစ်ဖြစ်၊ ငါ့ဟာဆိုရင် စဥ်းတောင်မစဥ်းစားနဲ့" ရှီထျန်းရီက တိုးညင်းစွာနှင့် ပြောလိုက်သည်။ "မဟုတ်လို့ရှိရင် သေသွားလိမ့်မယ်"

ရှီထျန်းဟောင်အား ထောက်ခံသောသူများသည် ရင်ထဲမှနေ၍ တင်းကျပ်စွာ ခံစားလိုက်ရသည်။

ရှီထျန်းဟောင်သည် အနောက်သို့ပင် ပြန်မဆုတ်နိုင်တော့ချေ။ သူသည် သူ၏ မူလ မြင့်မြတ်သော အလင်းတန်းအား နောက်ဆုံး မြင့်မြတ်သော အလင်းတန်းကို တိုက်ခိုက်ရန် အသုံးပြုနေရသည်။ သူသည် သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုကြောင့် မလှုပ်ရှားနိုင် ဖြစ်နေခဲ့၏။ အကယ်၍ သူ၏ မူလ မြင့်မြတ်သော အလင်းတန်းအား ရုပ်သိမ်းလိုက်ပါက နောက်ဆုံး မြင့်မြတ်သော အလင်းတန်း၏ ချေမှုန်းခြင်းအား ခံရမည် ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now