အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!

338 37 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၇

အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!

အသစ်ဖော်ထုတ်လိုက်သည့် တိုက်ပွဲဝင်္ကပါဖြင့် ထိုက်ကျိစစ်သည် လေးယောက်တို့သည် စွမ်းအားအဆင့်များ အတူတကွ တက်လာကြသည်။ ဒါသည် လျှော့တွက်ရမည့် အရာတစ်ခု မဟုတ်ချေ။

သို့သော်လည်း အကြီးအကဲ နှစ်ယောက်တို့အတွက် ဒါသည် စိန်ခေါ်မှု ကြီးကြီးမားမား မဟုတ်ချေ။ ထို့အပြင် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်နှင့် ဒုတိယ အဆင့်တို့၏ ကွာခြားချက်သည် ကြီးမားလှ၏။ စင်စင် ဖြစ်တည်မှု၏ စွမ်းအားများသည် အင်မော်တယ် ဝိညာဥ် ကိုယ်ပွားက ကိုင်တွယ်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။

သို့သော်လည်း ထိုစစ်သားလေးယောက်တို့က လက်တွဲကာ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်အား ထုတ်ဖော်လိုက်ခြင်းသည် ပူပန်ရမည့် အရာတစ်ခု ဖြစ်၏။

သူတို့နှစ်ယောက် အနေဖြင့် ထိုကဲ့သို့သော စွမ်းအားများကို ကိုယ်တွယ်ရန် မလွယ်ကူလှချေ။

ရေခဲအကြီးအကဲသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ရှီထျန်းဟောင်အား ဂရုမစိုက်နိုင်တော့ပေ။ သူသည် ချောင်ဝေအား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ရေခဲဝိညာဥ် တိမ်တိုက်ကို ငါ့ကိုပေး"

စကားတစ်လုံးမှ မပြောပဲ ချောင်ဝေသည် ထိုရတနာအား ရေခဲအကြီးအကဲအား ပေးလိုက်သည်။

ရေခဲ အကြီးအကဲသည် မီးလျှံ အကြီးအကဲနှင့် ပြောင်းပြန်ဖြစ်သည်။ သူသည်လည်း မီးတောက်ကို စွန့်လွှတ်ထားကာ ရေခဲကိုသာ အာရုံစိုက်၍ လေ့ကျင့်ထားခြင်း ဖြစ်၏။ သူ၏နည်းစနစ်များတွင် အထွတ်အထိပ်သို့ ရောက်နေခဲ့သူ ဖြစ်၏။ အတူတကွ တိုက်ခိုက်ခြင်းဖြင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အထောက်အပံ့ ပေးနိုင်ကြကာ သူတို့၏ အကန့်အသတ်များကို ကျော်လွန်၍ ရေခဲဝိညာဥ် တိမ်တိုက်၏ အလားအလာများကို အစွမ်းကုန် ထုတ်ဖော်နိုင်ခဲ့သည်။

ရေခဲ အကြီးအကဲက ထိုမှော်ရတနာအား ကိုင်ဆောင်လိုက်သည့် အချိန်တွင် ဆီးနှင်းမုန်တိုင်းများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်လာကြသည်။ ထိုရတနာ၏ စိတ်ဝိညာဥ်သည် ထိုအကြီးအကဲနှင့် ပေါင်းစပ်သွားခဲ့ကာ အာတိတ်ဒေသကို ဤစင်မြင့်ပေါ်သို့ ယူလာသကဲ့သို့ ရေခဲဆီးနှင်းများနှင့် ပြည့်သွားစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now