အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်

341 40 0
                                    

စာစဥ် ၃၄ : အပိုင်း ၁၀

အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်

ယုကျင်းတောင်သည် ဟင်းလင်းပြင်မှနေ၍ ကျဆင်းလာခဲ့၏။ မဟူရာကောင်းကင် ရတနာသစ်ပင်၏ သစ်ကိုင်းများသည် တုန်ခါသွားကာ အဆုံးမဲ့ လေဟာနယ် အတွင်းသို့ ထွင်းဖောက်သွားခဲ့သည်။ မြောက်မြားလှစွာသော ခရမ်းရောင် တိမ်တိုက်များသည် နေရာအနှံ့ ပျံ့နှံ့သွားကြ၏။

အံ့ဖွယ် ကောင်းကင်ကမ္ဘာသည် နှစ်ခြမ်းကွဲသွားသောအခါ သူတို့အနက်မှ တစ်ခြမ်း၏ လေဟာနယ်သည် ပြောင်းလဲသွားခဲ့ကာ အရွယ်အစား ကျုံ့ဝင်သွားခဲ့သည်။

လင်းဖုန်းသည် သူ၏အတွင်းသို့ မှော်စွမ်းအင်များ တစ်စပြီးတစ်စ ထည့်သွင်းခဲ့လိုက်၏။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ အစွမ်းအောက်တွင် ဤကမ္ဘာတစ်ခြမ်း၏ ယခင်မှ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုသည် ပြောင်းလဲသွားခဲ့ကာ ယုကျင်းတောင်နှင့် ကိုက်ညီလာခဲ့သည်။

ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များသည် ဤအံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းအား စတင်၍ လွှမ်းခြုံသွားခဲ့သည်။

ခရမ်းရောင် တိမ်တိုက်များက ထိုးတက်လာခဲ့ကာ ယုကျင်းတောင်နှင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းအား ဝန်းရံထားလိုက်၏။ ပြီးတာနှင့် ခရမ်းရောင် တိမ်တိုက်များ၏ အပြင်ဘက်တွင် ရောင်စုံ အလင်းတန်း စက်ဝိုင်းတစ်ခု ပေါ်လာခဲ့ကာ ပြီးပြည့်စုံသော ဘောလုံးပုံစံကို ဖန်ဆင်းလိုက်သည်။

ယုကျင်းတောင်၊ ခရမ်းရောင် တိမ်တိုက်များ၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ဤအံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းတို့သည် ဤဧရာမ အလင်းတန်း ဘောလုံး၏ ရစ်သိုင်းခြင်းကို ခံလိုက်ရ၏

လင်းဖုန်းသည် ယုကျင်းတောင်၏ အပေါ်တွင် မရှိသော်လည်း သူ၏ သဘာဝလွန် အသိစိတ်သည် ယုကျင်းတောင်နှင့် ဆက်သွယ်ထားခဲ့သည်။ ယုကျင်းတောင်သည် ကိုယ်ပိုင်ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏အတွင်းမှ အံ့ဖွယ်ကောင်းကင် ကမ္ဘာတစ်ခြမ်းနှင့် ပေါင်းစည်းသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now