အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ

320 40 0
                                    

စာစဥ်၃၄ : အပိုင်း ၂

အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ

"အလင်းတန်း ပင်လယ်အတွင်းကို ဝင်ရောက်ခြင်းဟာ အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်ပေမဲ့ ကျုပ်က တစ်သက်လုံး ထွက်ခွာလို့ မရတော့ဘူး။ ကျုပ်ထွက်သွားတာနဲ့ တပြိုင်နက် ကျုပ်က ပြာမှုန်တွေ ဘဝကို ပြောင်းသွားလိမ့်မယ်။ ဒီလိုမျိုး အသက်ရှည်ရခြင်းဟာ ကျုပ်လိုချင်တဲ့ အသက်ရှည်ခြင်းမျိုး မဟုတ်ဘူး"

လင်းဖုန်းသည် သူ၏အရှေ့မှ မျက်မဲ့ငါး၏ စကားများကို နားထောင်၍အပြီးတွင် သူ့အား ကြည့်လိုက်ကာ သက်ပြင်းဖွဖွလေး တစ်ချက်အား ချလိုက်သည်။

အသက်နှင့် လွတ်လပ်မှုတွင် မည်သည်ကပို၍ အရေးကြီးပါသနည်း။ ဤကဲ့သို့သော ဒွိဟဖြစ်ဖွယ် ဆုံးဖြတ်ချက်ကို ချလိုက်အပြီးတွင် အနာဂတ်တွင် နောင်တမရဟု မည်သူက ပြောနိုင်မည်နည်း။

လင်းဖုန်းက မေးလိုက်သည်။ "မင်းမှာနာမည် ရှိသလား"

မျက်မဲ့ငါးက ခေတ္တမျှ ငြိမ်သက်သွားခဲ့ပြီး သူ၏ခေါင်းကို ညိတ်လိုက်သည်။ "သူကကျုပ်ကို မျက်မဲ့လို့ခေါ်တယ်"

မျက်မဲ့၏ စကားအတွင်းမှ 'သူ'ဆိုသောသူမှာ အလင်းတန်း ပင်လယ်အတွင်းမှ စက်လုံးကို ဆိုလိုနေခြင်း ဖြစ်သည်။

လင်းဖုန်းနှင့် ရှီကျုံးထျန်းတို့သည် ဉာဏ်အလင်းများ ပွင့်သွားကြသည်။ ဤစက်လုံးသည် မှော်ရတနာ သန္ဓေလောင်းအဖြစ်သို့ မရောက်ခဲ့သေးသော်လည်း သူ့တွင် သူ၏ကိုယ်ပိုင် စိတ်ဝိညာဥ် အသိစိတ်များ ရှိနေနိုင်ပြီ ဖြစ်သည်။ သူသည် ဝေဝါးနေသေး၍ မကြာခဏ မပေါ်လာသေးသော်လည်း သူ့တွင် ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် မရင့်ကျက်သေးသော်လည်း သူ့တွင် ကြမ္မာပန်းတိုင်၏ အော်ရာများ ရှိနေသည်။ သူသည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးများကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။ ဤစက်လုံး၏ တည်ရှိနေမှုကြောင့ မျက်မဲ့သည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးအား ကျော်လွှားနိုင်ခဲ့ကာ မိစ္ဆာဝိညာဥ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now