အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း

411 49 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၅

အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း

ဒုတိယမျိုးဆက် တပည့်များအတွင်းမှ ပါရမီရှင် လေးယောက်အနက် တစ်ယောက် အပါအဝင် ဖြစ်သူ၊ လျှိုရှဖုန်းသည် ရှောင်ယန်၏ ငရဲမီး ချောက်ကမ်းပါးအား ရွေးချယ်ခဲ့၏။

သူ၏ အနီးကပ်မိတ်ဆွေ ဖြစ်သော ဖက်တီးသည် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းမှ နောက်ဆုံးမိနစ်တွင် ထွက်လာနိုင်ခဲ့၍၊ စမ်းသပ်မှု ဒုတိယပိုင်းတွင် ပါဝင်ခွင့် ရှိခဲ့သည်။ သူသည် လျှိုရှဖုန်း၏ အနောက်တွင်၊ သူ၏ ရွေးချယ်နိုင်ခွင့်များကို စဥ်းစားနေခဲ့၍ မေးလိုက်သည်။"အစ်ကိုဖုန်း၊ ကျွန်တော်က ဘယ်တစ်ယောက်ကို ရွေးရမယ်လို့ ထင်သလဲ?"

လျှိုရှဖုန်းသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကာ၊ သူအား ထူးခြားစွာနှင့်ကြည့်လိုက်သည်။ "ဒါက မင်းဘာသာမင်း ချမှတ်ရမယ့် ဆုံးဖြတ်ချက်လေ"

ဖက်တီးသည် ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်သော်လည်း၊ လျှိုရှဖုန်းအား အကူအညီ တောင်းခံနေသည့် မျက်လုံးများဖြင့် ဆက်ကြည့်နေခဲ့သည်။

လျှိုရှဖုန်းသည် သူ့အား ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်သည်။ "အကြီးအကဲဇူဟာ ငါတို့ရဲ့ အဓိက သင်ကြားပြသသူ ဖြစ်ပြီး၊ ဂရန်းမာစတာရဲ့ အမိန့်နဲ့ ငါတို့လို တပည့်သစ်တွေကို အခြေခံနည်းစနစ်တွေကို သင်ကြားပြသပေးခဲ့တယ်။ တကယ်လို့ မထင်ထားတာတွေ မဖြစ်ခဲ့ရင်၊ အကြီးအကဲဇူဟာ နောက်ထပ်တပည့်သစ်တွေ ထပ်ခေါ်လို့ရှိရင်လည်း၊ နည်းပြဆရာချုပ် ဖြစ်ဦးမှာပဲ"

"အနာဂတ်မှာ တပည့်သစ်တွေက ပိုပိုပြီးတော့ များလာဖို့ရှိတယ်။ အကြီးအကဲဇူက လူသစ်တွေရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့၊ တစ်ခါတစ်ရံမှသာ ဂရန်းမာစတာလိုမျိုး သင်ခန်းစာ ပို့ချပေးနိုင်မှာပဲ။ ဒါဆိုရင် တပည့်သစ်တွေကို နေ့စဥ် သင်ကြားပြသဖို့က အကြီးအကဲဇူရဲ့ တရားဝင်တပည့်တွေရဲ့ အပေါ်ကို ကျရောက်လာမယ်"

ဖက်တီးက ချီတုံချတုံ ဖြစ်စွာနှင့် မေးလိုက်သည်။ "ဒါဆိုရင်၊ အစ်ကိုဖုန်း ဆိုလိုချင်နေတာက…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now