အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း

313 35 0
                                    

စာစဥ် ၃၄ : အပိုင်း ၇

အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း

မဟာ လွင်တီးခေါင် ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် သာမန်နှင့် မတူပေ။ သူတို့သည် အခြေခံအုတ်မြစ် အဆင့်သို့ ရောက်ရှိသည့် အချိန်မှစ၍ မှော်အိုင်တမ် များစွာတို့ကို စတင် ကျင့်ကြံကြသည်။

သူတို့သည် ဓားများကိုသာ ကျင့်ကြံကြခြင်း မဟုတ်ပေ။ မည်သည့်အရာများကိုမဆို ကျင့်ကြံကြသည်။ ကျင့်ကြံသူ၏ နှစ်သက်ရာအပေါ်တွင် မူတည်နေသည်။

ရွှေရောင်ဗဟိုချက် အဆင့်သို့ မရောက်ခင် ကျင့်ကြံသူသည် သူကျင့်ကြံထားသော မှော်အိုင်တမ်များ အားလုံးတို့ကို ဆေးမီးဖိုတစ်ခု အတွင်းသို့ ပေါင်းစည်း၍ သန့်စင်ပြီး နောက်ဆုံးတွင် မှော်ဓားတစ်ချောင်းအား ရရှိနိုင်သည်။ မဟာ လွင်တီးခေါင် ဓားဂိုဏ်း၏ အထူးကျင့်ကြံမှု ကျမ်းစာဖြင့် ထိုကျင့်ကြံသူ၏ သဘာဝလွန် အသိစိတ်အား သူ့ဓားအတွင်းသို့ ပေါင်းစည်းလိုက်အပြီးတွင် သူသည် ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်သွားနိုင်ကြသည်။

ရွှေရောင်ဗဟိုချက်အား ဖန်ဆင်းသွားအပြီးတွင် ထိုမှော်ဓားအား ထပ်မံ၍ အဆင့်မြှင့်တင်ရန် ပြန်လည်ကျင့်ကြံရမည် ဖြစ်သည်။ ထိုဓားသည် ထိုမဟာ လွင်တီးခေါင် ဓားဂိုဏ်း ကျင့်ကြံသူ၏ ပထမဆုံး မှော်အိုင်တမ် ဖြစ်လာမည် ဖြစ်၏။

ပြီးတာနှင့် ထိုဓားကျင့်ကြံသူသည် သူ၏ ဒုတိယအကြိမ် ကျင့်ကြံမှုကို စတင်ရမည် ဖြစ်သည်။ အခြေခံအုတ်မြစ် အဆင့်တွင်ကဲ့သို့ပင် သူသည် မှော်အိုင်တမ်ပေါင်း အမြောက်အမြားကို ကျင့်ကြံရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင် သူသည် ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ်များကို ကျင့်ကြံရမည် ဖြစ်သည်။

မှော်အိုင်တမ်ပေါင်း အမျိုးစုံကို ကျင့်ကြံနိုင်သည်။ သူတို့သည် ဂိုဏ်းအတွင်းမှ စွမ်းအားကြီးသော လက်နက်များကို နမူနာယူ၍ ရွေးချယ်နိုင်သကဲ့သို့ သူတို့၏ ကိုယ်ပိုင်တီထွင်မှုများဖြင့်လည်း ထုလုပ်နိုင်ကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now