အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ

348 36 1
                                    

စာစဥ် ၃၄ : အပိုင်း ၁၂

အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ

ဝူချင်လျှိုသည် အသက်သိပ်မကြီးသေးပေ။ ထို့ကြောင့် သူသည် သူ၏ဇာတိမြေသို့ ပြန်ရန်ပြောခြင်းမှာ သူ၏ လက်ရှိရာထူးမှ နှုတ်ထွက်ချင်နေလို၍ ဖြစ်မည်။

သူသည် ဘာတစ်ခွန်းမှ မပြောပဲနှင့် ထွက်သွားခြင်းသည် လူများစွာတို့အား အံ့အားသင့်စေခဲ့သည်။

အားလုံးတို့သည် ရှီယုက အဘယ်ကြောင့် ဝူချင်လျှိုအား အလွယ်တကူ ထွက်ခွာခွင့် ပြုလိုက်သည်ကို မှတ်ချက်ပြုနေကြသည်။

သူသည် အပေါ်ယံတွင် သူ့အား တားဆီးဟန်ပြခဲ့သော်လည်း ရှီယုသည် ဝူချင်လျှို ထွက်သွားခြင်းအား ဂရုမစိုက်နေဟု သိနေကြသည်။ သူသည် သူထွက်ခွာသွားခြင်းကို အကောင်းဘက်မှပင် မြင်ကောင်းမြင်နေလိမ့်မည်။

ထို့ကြောင့် အားလုံးတို့သည် သူတို့နှစ်ဦးတို့၏ အကြားတွင် အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြလိမ့်မည်ဟု အားလုံးတို့က ခန့်မှန်းနေကြသည်။ ထို့အပြင် ထိုအရာသည် စေ့စပ်၍မရသော အငြင်းပွားမှုတစ်ရပ် ဖြစ်ပေလိမ့်မည်။

ရှီယုသည် သူ၏နန်းကို စွန့်လွှတ်လိမ့်မည် မဟုတ်သဖြင့် ထွက်ခွာသွားခဲ့သူမှာ ဝူချင်လျှိုပင် ဖြစ်ပေလိမ့်မည်။

လင်းဖုန်းသည် ထိုသတင်းကို ကြားခဲ့ရသောအခါ သူသည် သိပ်တော့ အံ့အားမသင့်သွားခဲ့ပေ။ အခြားတစ်ဘက်တွင် သူသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ဝူချင်လျှိုသည် မဟာချင် အင်ပါယာမှ ထွက်ခွာသွားပြီ ဖြစ်သဖြင့် သူ၏ခန့်မှန်းချက်များ မှန်ကန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ခန့်မှန်းချက်ကို သက်သေပြခဲ့အပြီးတွင် လင်းဖုန်းသည် သိပ်တော့ မပျော်နိုင်ခဲ့ပေ။ သူသည် သူ၏ခေါင်းကို အနည်းငယ်ခါလိုက်သည်။ ""ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေက ကြီးမားပြီး ဆက်လျှောက်ရမယ့် လမ်းကလည်း အရှည်ကြီး ရှိသေးတယ်"

လင်းဖုန်းသည် ယခင်ကတည်းက ခန့်မှန်းချက်အချို့ ရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဝူချင်လျှိုက ရာထူးမှနေ နှုတ်ထွက်သွားသည်ကို ကြားလိုက်ရသောအခါ သူသည် သိပ်ပြီး အမှုမထားခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now