အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?

427 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၂

အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?

ဝင်္ကပါ၏ အလင်းတန်းသည် လင်းလက်သွားခဲ့၏။ သို့သော်လည်း လင်းဖုန်းသည် သိပ်ပြီးမှ ဂရုမစိုက်ခဲ့ပေ။ ကျွင်းကျိနင်သည် သူမ၏ ကျောရိုးတစ်လျှောက်တွင် စိမ့်ကနဲ ဖြစ်သွားခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးသည် ထုံကျဥ်နေခဲ့ပြီး၊ ကြောက်ရွံ့မှုကြောင့် သူမ၏ တစ်ကိုယ်လုံးမှ သွေးများသည် ခဲလုမတတ် ဖြစ်နေခဲ့သည်။

သူမသည် သူမ၏ ရင်တွင်းမှနေ အော်နေခဲ့သည်။ "အခြေတည်ဝိညာဥ် အဆင့်က အကြီးအကဲ တစ်ယောက်! ယန်မိသားစုရဲ့ အခြေတည်ဝိညာဥ် အဆင့်က အကြီးအကဲ၊ ယန်ရှု!"

ယန်ရှုသည် ကျွင်းကျိနန်အား မျက်စိထဲပင် ထည့်မထားခဲ့ချေ။ သူ၏ အာရုံများ အားလုံးကို လင်းဖုန်းပေါ်တွင် စူးစိုက်ထားခဲ့၏။

လူငယ်မျိုးဆက် တပည့်များအား အလံသုံးခုအား ပေးထားခဲ့သူမှာ သူပင်ဖြစ်၏။ ထို့ကြောင့် လင်းဖုန်းသည် လျှပ်စီးသန့်စင်ခြင်း ဝင်္ကပါ၏ စွမ်းအားများကို ချိုးဖျက်လိုက်သောအခါ၊ အာရုံခံအမိဆုံးသူမှာလည်း သူပဲဖြစ်သည်။

"ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတစ်ယောက်? ဒါပေမဲ့ မင်းရဲ့ စွမ်းအားတွေက သန်မာလွန်းတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက သူများတွေ ပြောထားတဲ့အတိုင်း၊ အတော်ကို ထူးခြားတဲ့ဂိုဏ်းပဲ ဖြစ်တယ်" ယန်ရှုသည် လင်းဖုန်းအား မပျော်မရွှင် ဖြစ်လှစွာနှင့် ကြည့်လိုက်၍၊ အေးစက်စွာနှင့် ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကဆိုတိုင်း၊ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်လို့တော့ မထင်နဲ့ကွ"

"မင်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှိနေမယ် ဆိုရင်တော့၊ ငါကသူ့ကို မျက်နှာပေးရဦးမှာပေါ့။ ဒါပေမဲ့ မင်းလိုမျိုး ရွှေရောင်ဗဟိုချက် အဆင့်က အသေးအဖွဲလေးတွေကတော့၊ သင်ခန်းစာကောင်းကောင်း ပေးမှရမယ်"

သူ၏စကားဆုံးသည်နှင့် ယန်ရှုသည် သူ၏ လက်ဖဝါး အစုံတို့ကို ပူးကပ်လိုက်ရာ၊ ရေခဲငရဲဝင်္ကပါသည် လင်းဖုန်းအား သေအောင်အေးခဲသွားစေမည့် အအေးဓာတ်များကို ထုတ်လွှတ်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now