အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း

362 36 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၆

အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း

ယုကျင်းတောင်ပေါ်တွင် လင်းဖုန်း၏ သဘာဝလွန် အသိစိတ်သည် တပည့်ခန်းမဆောင် အတွင်းမှ အားလုံးတို့အား အကဲခတ်နေခဲ့သည်။ ယေဘူယျအားဖြင့် အရည်အသွေးများသည် လက်ခံနိုင်သော်လည်း လွန်ကဲစွာ ထူးချွန်နေသောသူများ မရှိကြပေ။

လီယွမ်ဖန်းနှင့် လော်ချင်းဝူတို့မှလွဲ၍ ပင်ကိုစွမ်းရည် အချက်အလက်များ အမှတ်၃၀ကျော်သူ တစ်ယောက်မှ မရှိကြပေ။

အနည်းငယ်ပို၍ ထူးချွန်သူများမှာ တောက်ယုတင်းနှင့် ကျူးကော်ဝမ်ချိုးတို့သာ ရှိကြသည်။

သူတို့နှစ်ယောက်တို့သည် နှစ်ပေါင်း၅၀အတွင်း အခြေတည်ဝိညာဥ်အား ဖော်ဆောင်နိုင်မည် ဆိုသည်မှာ ကြီးမားသော မေးခွန်းဖြစ်သည်။ အရာအားလုံးတို့သည် ကံကြမ္မာအပေါ်တွင်သာ မူတည်နေသည်။

လင်းဖုန်း၏ ပုံစံမှာ အဆိုးဆုံးကို တွက်ဆထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူတို့အား စွမ်းအားရှိသလောက် ပြုစုပျိုးထောင်ပေးမည် ဖြစ်သော်လည်း သူတို့အား နှစ်ပေါင်း၅၀ အပြီးတွင် ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်ရှိရန်သာ မျှော်လင့်ထားသည်။

ဤသို့ဆိုလျှင် အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ၁၀ယောက်အတွက် နေရာများ လိုနေသေးသည်။ သူသည် ထိုကဲ့သို့ ကျင့်ကြံနိုင်မည့် ပါရမီရှင်များကို ထပ်မံရှာဖွေနေရမည် ဖြစ်သည်။

လင်းဖုန်း၏ တွက်ချက်မှုများ အရ ပင်ကိုစွမ်းရည် အချက်အလက်တန်ဖိုးမှာ ၃၀ကျော်ရှိပြီး အရိုးအရင်းမြစ်က သာမန်မဟုတ်ခဲ့လျှင် နှစ်ပေါင်း၅၀အတွင်း အခြေတည်ဝိညာဥ်အား ဖော်ဆောင်နိုင်ရန် အခွင့်အလမ်းများပေသည်။

အခြေတည်ဝိညာဥ် အဆင့်ကို မဖော်ဆောင်နိုင်ခင်၊ အထူးသဖြင့် ရွှေရောင်ဗဟိုချက် အဆင့်ကို မဖော်ဆောင်နိုင်ခင်တွင် အရိုးအရင်းမြစ်သည် အဓိကအကျဆုံး အချက်အလက် ဖြစ်သည်။ သူသည် ကျင့်ကြံမှု အမြန်နှုန်းနှင့် သက်ဆိုင်နေရုံတင် မကပဲ ကျင့်ကြံသူ တစ်ယောက်၏ အခြေခံကို ဆုံးဖြတ်ပေးနိုင်သည်။ အကယ်၍ အဝါနှင့် အစိမ်းရောင် ဆေးလုံးများကိုသာ ဖော်ဆောင်နိုင်ခဲ့ပါက သူသည် အခြေတည်ဝိညာဥ် အဆင့်သို့ရောက်ရန် မျှော်လင့်ချက် ရှိနိုင်မည် မဟုတ်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now