အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅

399 44 2
                                    

စာစဥ် ၃၀ : အပိုင်း ၃

အပိုင်း ၅၅၃ : တချို့က ခေါင်းတလုံး ပိုသာနိုင်တယ်

ဝမ်လင်းသည် တင်ပလ္လင်ခွေ ထိုင်နေခဲ့ပြီး သူ၏ မျက်လုံးများအား တင်းကြပ်စွာနှင့် ပိတ်ထားခဲ့သည်။ သူ၏ ခေါင်းအပေါ်တွင် အဖြူရောင် အလင်းတန်းနှင့် အနက်ရောင် ဓာတ်ငွေ့တို့ ကခုန်နေကြကာ အလင်းတန်း ပုံရိပ်များ အဖြစ်သို့ ပြောင်းသွားကြသည်။

လင်းလက်နေသော ပုံရိပ်များ အကြားတွင် သမိုင်းများက ပြောင်းလဲသွားကြကာ ကစဥ့်ကလျား ဖရိုဖရဲ ဖြစ်နေကြသည်။ ဓာတ်ကြီးလေးပါး ဖြစ်ကြသော မြေ၊ရေ၊လေနှင့် မီးတို့သည် ဟိန်းဟောက်နေကြပြီးမှ နောက်ဆုံးတွင် ငြိမ်သက်ကာ လိုက်လျောညီထွေ ဖြစ်သွားကြသည်။

ကြည်လင်မှုနှင့် နောက်ကျိမှုတို့သည် ကွဲပြားသွားကြကာ စကြာဝဠာ ဖန်ဆင်းခြင်းအား ပြဋ္ဌာန်းနေခဲ့၏။ ကမ္ဘာဦးအစတွင် ကောင်းကင်နှင့် မြေကြီးတို့က ခွဲခြမ်းသွားသကဲ့သို့ ဖြစ်၏။

ကောင်းကင်နှင့် မြေကြီးတို့က ကွဲပြားသွားအပြီးတွင် ပုံရိပ်တို့သည် ဆက်လက် ပေါ်ထွက်လာခဲ့ကာ နောက်ဆုံးတွင် ဧရာမ တံခါးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုတံခါးသည် တစ်ဝက်နက်၊ တစ်ဝက်ဖြူ ဖြစ်၏။ ဘယ်ဘက်ခြမ်းသည် မီးသွေးကဲ့သို့ မည်းနက်နေ၍ ပန်းပုံရုပ်များဖြင့် ပြည့်နေကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ မိစ္ဆာနှင့် မကောင်းဆိုးဝါးများ၊ စိတ်ဝိညာဥ်နှင့် တစ္ဆေများ၊ ဓားတောင်နှင့် မီးပင်လယ်များ.. ကြောက်မက်ဖွယ်ရာ ငရဲ ဖြစ်သည်။

ညာဘက်ခြမ်းသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေ၏။ သူ့တွင်လည်း ပန်းပုံရုပ်များစွာ ထွင်းထုထား၏။  သစ်ပင်ပန်းမာန်နှင့် တိရစ္ဆာန်များ၊ ခမ်းနားသော တောင်နှင့် ကြီးကျယ်သော မြစ်များ၊ လူစုလူဝေးများ… သူတို့သည် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေ၍ စည်ကားသက်ဝင်နေသော လူသားကမ္ဘာအလား ဖြစ်နေခဲ့သည်။

ထိုအရာများကို မြင်ရသောအခါ လင်းဖုန်းသည် ပြုံးလိုက်ကာ သူ၏ လက်အစုံကို အသာစုစည်းလိုက်သည်။ စိတ်ဝိညာဥ် စွမ်းအင် နှစ်တန်းတို့က ထွက်လာခဲ့ပြီး ဝမ်လင်း ထုတ်ဖော်ပြသနေခဲ့သည့် အလင်းပုံရိပ်များ၏ အပေါ်သို့ ကျရောက်သွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now