အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆

421 43 2
                                    

စာစဥ် ၃၃ : အပိုင်း ၄

အပိုင်း ၆၁၄ : တပည့်များက ဆရာရွေးချယ်ခြင်း

မည်သူမှ မမျှော်မှန်းထားခဲ့ပဲ တောက်ယုတင်းသည် ဝမ်လင်း၏ တောအုပ်ဗိမာန်အား ရွေးချယ်ခဲ့သည်။

သူတို့နှစ်ယောက်တို့သည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေး အတွင်းတွင် ပြင်းထန်စွာနှင့် တိုက်ခိုက်ခဲ့ကြဖူးသည်။

ထိုအချိန်က အခြေခံအုတ်မြစ် အဆင့်သာ ရှိနေသေးသော ဝမ်လင်းအတွက် တောက်ယုတင်းသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးအတွင်းတွင် သူ့အတွက် စိန်ခေါ်မှု အရှိဆုံး ပြိုင်ဘက်များ အတွင်းတွင် တစ်ယောက်ဖြစ်၏။ သူမသည် သူ့အား ကြီးမားသော ဖိအားများ ပေးနိုင်ခဲ့ကာ အနိုင်နှင့်အရှုံးကြားတွင် မျဥ်းပါးပါးလေး တစ်ကြောင်းသာ ခြားထားခဲ့သည်။

သူသည် တောက်ယုတင်းနှင့် တိုက်ခိုက်ရာတွင် အားများစွာ ထုတ်သုံးခဲ့ရသောကြောင့် ဝမ်လင်းသည် မတတ်နိုင်တော့ပဲ ယွဲ့ဟုန်ယန်နှင့် ပြိုင်ပွဲကို လက်လွတ်လိုက်ရသည်။ ထို့ကြောင့် ယွဲ့ဟုန်ယန်သည် အခြေခံအုတ်မြစ် အဆင့်မှ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သွားခဲ့သည်။

သို့သော်လည်း တောက်ယုတင်းအတွက်မူ ဒါသည် ဆိုးရွားသော မှတ်ဉာဏ်တစ်ခုဖြစ်သည်။ သူမသည် သီသီလေး ရှုံးနိမ့်သွားခဲ့ရသော်လည်း အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်မှ ပြိုင်ဘက်တစ်ယောက်အား ရှုံးနိမ့်သွားရခြင်း ဖြစ်သည်။ ဒါသည် ဂုဏ်ယူရမည့်ကိစ္စတစ်ခု မဟုတ်ချေ။ ဘာပဲပြောပြော တောက်ယုတင်းသည် ထိုအချိန်တွင် နတ်ရေကန်ဂိုဏ်းမှ အခြေခံအုတ်မြစ် အဆင့် တပည့်များ အတွင်းတွင် အထူးချွန်ဆုံး တပည့်တစ်ယောက် ဖြစ်၏။

သူမ၏ ယခင်မှ ပြိုင်ဘက်အား အချိန်အနည်းငယ် မတွေ့ရသည်မှာ ကြာမြင့်လွန်းလှပြီဟု သူမက ခံစားနေရ၏။ သို့သော်လည်း ယခုပြန်တွေ့သောအချိန်တွင် သူသည် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော် ကွဲပြားခြားနားမှုများသည် အခြားတစ်ယောက်သာဆိုလျှင် လက်ခံနိုင်ရန် ခက်ခဲမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now