အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁

431 44 0
                                    

စာစဥ် ၃၀ : အပိုင်း ၉

အပိုင်း ၅၅၉ : ပိုင်ယွင်တောင်၏ ပါတီနှစ်ခုအကြားမှ ပြိုင်ဆိုင်ခြင်း

တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်သည် ရှီထျန်းရီအား ကြည့်လိုက်ကာ သက်ပြင်းအနည်းငယ် ချလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ရှီထျန်းရီ၏ အဖြစ်ဆိုးတွင် သူမ၏ အပြစ်လည်း မကင်းချေ။ သူမ၏ ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်ခြင်းသည် ရှီထျန်းရီအား အကာအကွယ် ပေးရန်အတွက် ဖြစ်သည်။

သို့သော်လည်း မည်သူကမှ ဝမ်လင်းသည် ဤမျှအစွမ်းထက်လိမ့်မည်နှင့် လင်းဖုန်းကလည်း ထိုနေရာတွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ငါနဲ့လိုက်ခဲ့" တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်က ပြောလိုက်သည်။ သူမသည် ဂူအတွင်းမှ ထွက်သွား၍ ရှီထျန်းရီကလည်း သူမ၏ အနောက်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်သားသည် ပိုင်ယွင်တောင် အတွင်းသို့ လျှောက်သွားကြပြီး တောင်သို့ သွားသည့်လမ်းသည် တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားလျှက်ရှိသည်။ သူတို့၏ အရှေ့သို့ ၁၀မီတာထက်ပို၍ မမြင်ရချေ။

ရှီထျန်းရီသည် နောက်သို့ ပြန်မလှည့်ကြည့်ခဲ့ပေ။ သူပိုင်ယွင်တောင်သို့ ရောက်သည့် ပထမနေ့မှစ၍ ဤနေရာကို သဘောပေါက်နေခဲ့သည်။ သူ၏ ဘယ်မျက်စိအား အသုံးပြု၍ ဤနေရာကို စစ်ဆေးကြည့်ရှုခဲ့သော်လည်း ဤတိမ်တိုက်များကို ထွင်းဖောက်၍ မမြင်နိုင်ခဲ့ချေ။ ဒါသည် သူ၏ ဘယ်မျက်စိက အားနည်း၍ မဟုတ်ပဲ သူ၏ ကျင့်ကြံမှု အဆင့်က နိမ့်လွန်း၍ ဖြစ်သည်။

ဤနေရာတွင် ရှီထျန်းရီ၏ ဘယ်မျက်စိသည် အနည်းငယ် အရောင်လက်လာခဲ့သည်။ သူ၏ မျက်လုံး သူငယ်အိမ်များက ထပ်မံ နာကျင်လာသည်ဟု ခံစားနေခဲ့ရ၏။

သူ၏ မျက်လွှာကို ချလိုက်ပြီး သူ၏ စိတ်ဝိညာဥ်အား ရုပ်သိမ်းလိုက်ကာ တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်၏ အနောက်သို့ လိုက်လာခဲ့သည်။

တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်သွားခဲ့သည်။ သူမ၏ အနောက်တွင် လိုက်ပါလာသော ရှီထျန်းရီကလည်း ရပ်တန့်ခဲ့၏။ သူလှမ်းကြည့်လိုက်ရာ သူတို့ထံသို့ လျှောက်လှမ်းလာသည့် လူငယ်လေး တစ်ယောက်အား တွေ့လိုက်ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now