အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း

306 37 0
                                    

စာစဥ် ၃၄ : အပိုင်း ၆

အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း

နတ်ကောင်းကင် ဓားအကြီးအကဲသည် ယုကျင်းတောင်ပေါ်သို့ တက်လာခဲ့သည်။ သူ့တွင် ခံစားချက်များ ရောပြွန်းလျှက် ရှိ၏။ ကောင်းကင်မာစတာ ဓားဂိုဏ်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဆက်ဆံရေးများသည် အနည်းငယ် ကသိကအောက် ဖြစ်စရာများ ဖြစ်နေခဲ့သည်။

ကောင်းကင်မာစတာ ဓားဂိုဏ်း၏ အဆင့်နိမ့်သော သူများက မသိကြသော်လည်း နတ်ကောင်းကင် ဓားအကြီးအကဲမှာမူ ကောင်းကင်မာစတာ ဓားဂိုဏ်း၏ ကျောထောက်နောက်ခံမှာ ဟင်းလင်းပြင် ဘုရားကျောင်း၏ ကွန်ဆာဗေးတစ် ပါတီမှ ဖြစ်သည်ဟု သိထားသည်။

ကောင်းကင်မာစတာ ဓားဂိုဏ်းသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့အတွင်းတွင် စူတောင်ဓားဂိုဏ်းပြီးနောက် ဒုတိယနေရာကို ရထားသည်မှာ သူတို့၏ အဆက်မပြတ် ကြိုးစားမှုကြောင့် ဖြစ်သလို ဟင်းလင်းပြင် ဘုရားကျောင်း၏ ထောက်ပံ့မှု ရသောကြောင့်လည်း ပါ၏။

ဟင်းလင်းပြင် ဘုရားကျောင်းသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ အတွင်းတွင် စူတောင်ဓားဂိုဏ်းအား ထိန်းချုပ်ရန် တစ်စုံတစ်ယောက်ကို လိုအပ်နေသည်။ သို့သော်လည်း အလွန်အမင်း စွမ်းအားထက်သောသူလည်း မဖြစ်ရပေ။ သူတို့သည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့အား တစ်သွေးတစ်သံဖြင့် အုပ်ချုပ်သည်ကို မမြင်ချင်နေပေ။

ရှေးပဝေသဏီမှစ၍ စူတောင်ဓားဂိုဏ်း၏ စကားများသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့တွင် ဘုရင်ဖြစ်သည်။

သို့သော်လည်း ဟင်းလင်းပြင် ဘုရားကျောင်းက အနောက်တွင် ရှိနေသောကြောင့် စူတောင်ဓားဂိုဏ်းသည် ကောင်းကင်မာစတာ ဓားဂိုဏ်းအား မျက်လုံးတစ်ဘက် မှိတ်ထားပေးခဲ့သည်။

စူတောင်ဓားဂိုဏ်းမှ လူငယ်မျိုးဆက်များသည် ကောင်းကင်မာစတာ ဓားဂိုဏ်းအား အထင်သေးနေကြသည်။ သူတို့သည် စူတောင်ဓားဂိုဏ်းအား မည်သို့မှ ယှဥ်နိုင်လိမ့်မည် မဟုတ်ဟု ရှုတ်ချနေခဲ့၏။ သူတို့ဂိုဏ်းမှ အကြီးအကဲများသည် အဘယ်ကြောင့် အခြားဓားဂိုဏ်းတစ်ဂိုဏ်းမှ သူတို့အား စိန်ခေါ်နေသည်ကို ခွင့်ပြုထားသနည်းကို သူတို့က အလွန်သိချင်နေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now