အပိုင်း ၄၃၁ : ကံကောင်းခြင်း

404 49 0
                                    

စာစဥ် ၂၄ : အပိုင်း ၁

အပိုင်း ၄၃၁ : ကံကောင်းခြင်း

သူတို့ထံမှ ပျော်ရွှင်ရယ်မောသံများကို ကြားလိုက်ရသောအခါ၊ လင်းဖုန်းက ပြုံးလိုက်သည်။ သူတို့ပြောသည့်အတိုင်း သူတို့၏ မြောက်ဝင်ရိုးစွန်း ပင်လယ်သို့သွားသည့် ဤတစ်ခေါက် ရေလမ်းခရီးတွင်၊ အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ကံကောင်းနေပေသည်။

အစမှနေ၍ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည်၊ လျှို့ဝှက်ကျမ်းစာ၏ ဗဟိုချက် အတွင်းသို့ ပထမဆုံး ရောက်ရှိသောသူများ ဖြစ်ကြသည်။ မဟူရာငှက်တောင် ရောက်ရှိလာ၍ ရှေးဟောင်းခွန်းဖန်အား အသက်သွင်းသည့် အချိန်မတိုင်ခင်တွင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ထိုနေရာကို လှန်လှောရှာဖွေ၍ ပစ္စည်းကောင်း များစွာတို့ကို ရယူခဲ့ပြီး ဖြစ်သည်။

ရှေးဟောင်းခွန်းဖန်သည် နတ်ဘုရားနယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေအား စိုးမိုးခဲ့သည့်၊ ကြီးမြတ်သော မိစ္ဆာ မဟာပဏ္ဍိတ တစ်ကောင်ဖြစ်သည်။ သူ့တွင် ပစ္စည်းကောင်းလေးများ မြောက်မြားစွာရှိကာ၊ သူနှင့်အတူ ရေခဲအတွင်းတွင် အမြှုပ်နှံခံခဲ့ရသည်။ သူတို့သည် လျှို့ဝှက်ကျမ်းစာ အတွင်းတွင် ရှိနေသည်။

သူတို့အနက်မှ အချို့အား မဟူရာငှက်တောင်သည် မဟာလွင်တီးခေါင် ကုန်းမြေသို့ ယူပြန်သွားနိုင်ခဲ့သော်လည်း၊ ရတနာ အများစုတို့သည် လင်းဖုန်း၏ လက်အတွင်းသို့ ကျရောက်လာခဲ့သည်။

ရှီထျန်းဟောင်သည် သူ၏လက်အတွင်းတွင် ဓားရှည်တစ်ချောင်းကို ကိုင်လျှက်ရှိသည်။ သူသည် ရွှေဖြင့်ပြုလုပ်ထားခြင်း မဟုတ်ပဲ၊ ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုကျောက်တုံးဖြင့် ထုလုပ်ထားသော ဓားမှာ ကြည့်ရသည်မှာ ရိုးစင်း၍၊ အနားများမှာလည်း ထက်မြက်ခြင်း မရှိပေ။ သူသည် ပါးလွှာရှည်လျားသည့် ကျောက်တုံးကြိမ်လုံး တစ်ချောင်းနှင့် တူနေခဲ့သည်။

သို့သော်လည်း သူသည် ကြိမ်လုံးထက်တော့ အနည်းငယ် ထက်မြက်ကာ၊ ကြောက်မက်ဖွယ်ရာ အလင်းတန်း တစ်ခုအား ထုတ်လွှတ်နေခဲ့၏။ ထိုအလင်းတန်းသည် မျက်စိကျိန်းလောက်ကာ၊ ဖျက်ဆီး၍မရနိုင်သည့် အားလုံးကို အနိုင်ယူနိုင်သည့် ထက်မြက်မှုများ ရှိနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now