အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်

391 50 1
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၇

အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်

ရှကျိုးမြို့ပြင်မှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား အပြီးတွင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ခွန်းလွန်တောင်ခြေ မြောက်ပိုင်းမှ အစွမ်းအထက်ဆုံးဂိုဏ်း ဖြစ်သည်ဟု အားလုံးက လက်ခံထားကြသည်။

ထိုနေ့က အခမ်းအနားတွင် ခွန်လွန်းတောင်၏ မြောက်ပိုင်းမှ၊ ဂိုဏ်းကြီးဂိုဏ်းငယ် အားလုံးနီးပါးတို့က တက်ရောက်ခဲ့ကြသည်။ မူလက ဤနေရာတွင် လွှမ်းမိုးမှု အရှိဆုံးဟု ဆိုရမည့် ဆင်တိမ်ဂိုဏ်းသည်၊ ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့အား မျက်နှာလုပ်လို၍၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် လင်းဖုန်းအား တိုက်ခိုက်ခဲ့၏။ နောက်ဆုံးတွင် ဆင်တိမ် ဂရန်းမာစတာအား လင်းဖုန်းသည် အသာအယာ အရှင်ဖမ်းနိုင်ခဲ့ကာ၊ အားလုံးကို အံ့ဩမှင်သက်စေခဲ့သည်။

ထို့အပြင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာသည် ပို၍ပို၍ မြင့်တက်လာခဲ့ကာ၊ ခွန်းလွန်တောင်ခြေ တောင်ပိုင်းမှ စွမ်းအားအကြီးဆုံးဂိုဏ်းဖြစ်၍၊ ယခင်က ခွန်းလွန်တောင်၏ အုပ်ချုပ်သူဖြစ်သော လေနတ်ဘုရားဂိုဏ်းအား ကျော်တက်သွားနိုင်ခဲ့သည်။

လေနတ်ဘုရားဂိုဏ်းသည် ထိုနေရာတွင် ဆုံးရှုံးမှု ကြီးမားစွာ ခံစားခဲ့ရသည်။ သူတို့၏ အခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ၊ မာစတာ ဆိုင်ကလုန်းသည် ယုကျင်းတောင်၏ အညှာအတာ ကင်းမဲ့စွာ နင်းခြေသတ်ဖြတ်မှုကို ခံခဲ့ရသည်။ သို့သော်လည်း သူတို့သည် လင်းဖုန်းအား လက်စားလာမချေရဲကြပေ။

ဒါသည် လေဟာနယ် အတွင်းတွင် လွတ်လပ်စွာ သွားလာနိုင်သော၊ ယုကျင်းတောင်၏ စွမ်းရည်အား ကြောက်ရွံ့မှုလည်း တစ်စိတ်တပိုင်းပါနေသည်။ သို့သော်လည်း ပြင်ပလူများ အတွက်မူ၊ ဒါသည် မာနကို မျိုသိပ်ကာ ရှုံးနိမ့်မှုကို လက်ခံလိုက်ခြင်း ဖြစ်သည်။

လျှမ်ကန်းသည် မဟာကျိုး အင်ပါယာ၏ မင်းသားတစ်ယောက်ဖြစ်ပြီး၊ နိုင်ငံအတွင်းတွင် ဂုဏ်သိက္ခာကြီးမားကာ လေးစားရသော အဆင့်အတန်း ရှိသူဖြစ်၏။ သို့သော်လည်း ထို့ကြောင့်ပင် သူက ခွန်းလွန်တောင်၊ အထူးသဖြင့် သူ၏တောင်ခြေမြောက်ပိုင်းသို့ ခရီးထွက်လာရာတွင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခေါင်းဆောင်အား လာရောက်တွေ့ဆုံရခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now