အပိုင်း ၃၈၁ - ၃၈၂

432 50 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁၁

အပိုင်း ၃၈၁ : အကြွေးဆပ်ရန် အချိန်ကျပြီ

တောက်တီ မဟာပဏ္ဍိတနှင့် ဆက်သွယ်အပြီးတွင်၊ လင်းဖုန်းသည် သူ၏ လက်ချောင်းများကို လှုပ်လိုက်ရာ၊ အလင်းစက်လေး တစ်စက်သည် လေဟာနယ် အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအလင်းစက်မှနေ၍ အလင်းတန်း ပုံရိပ်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုအလင်းတန်း ပုံရိပ်လေးသည် ပုံရိပ်ယောင် တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။ သူသည် တည်ငြိမ်လာခဲ့ကာ ရွှေရောင် မီးပင်လယ်တစ်ခုအား ထုတ်လွှတ်လိုက်သည်။ အားလုံးတို့သည် နေမင်းအား ကြည့်နေခဲ့ရသကဲ့သို့ ခံစားနေရ၏။

ထိုကဲ့သို့ ကြီးကျယ်သော မဟာသူရိယ အကြွင်းမဲ့ မီးတောက်အား ပိုင်ဆိုင်ထားသောသူဖြစ်၍၊ ထိုသူ၏ အဆင့်အတန်းကို ချက်ချင်း သိနိုင်ပေသည်။

မိစ္ဆာ မဟာပဏ္ဍိတ ဆယ်ပါး အနက်မှ၊ သူသည် ရွှေကျီး မဟာပဏ္ဍိတ ဖြစ်သည်။

လင်းဖုန်းက ပြောလိုက်သည်။ "ရွှေကျီး မဟာပဏ္ဍိတ၊ ကျုပ်က ခင်ဗျားဆီက ဘာမှ မကြားရတာ အချိန်အကြာကြီး ရှိသွားပြီ"

အခြားဘက်တွင် မီးလျှံများ တောက်လောင်နေသည့် အသံကိုသာ ကြားနေရ၏။ အချိန်ခဏ ကြာပြီးသောအခါ၊ အက်ကွဲသော အသံတစ်ခုက ထွက်ပေါ်လာသည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်"

လင်းဖုန်းက ရယ်လိုက်သည်။ ရှကျိုးမှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား အပြီးတွင်၊ သူသည် မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူနှင့် မီးလျှံကျီးကန်း သခင်လေးတို့အား ပြန်လွှတ်ပေးလိုက်သည်။ သူတို့ မပြန်ခင် သူသည် ရွှေကျီး မဟာပဏ္ဍိတကို လက်ဆင့်ကမ်းရန်အတွက်၊ ခရမ်းရောင်တိမ်တိုက် တစ်စအား ထည့်ပေးခဲ့သည်။

ထိုအချိန်မှစ၍ လင်းဖုန်းသည် ရွှေကျီး မဟာပဏ္ဍိတနှင့် အဆက်အသွယ် ရရှိခဲ့၍၊ သဘောတူညီမှုများပင် ရယူနိုင်ခဲ့သည်။

"ခင်ဗျားရဲ့ သဘောက၊ အချိန်ကျပြီလား" ရွှေကျီး မဟာပဏ္ဍိတက မေးလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now