အပိုင်း ၃၈၇ - ၃၈၈

409 43 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁၇

အပိုင်း ၃၈၇ : ယုကျင်းတောင်နှင့် မြင့်မြတ်သော လေပြင်းတောင်တို့၏ ပြိုင်ဆိုင်မှု!

ခရမ်းရောင် မြူခိုးငွေ့များက ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာခဲ့ကာ၊ ခရမ်းရောင် တိမ်တိုက် ပင်လယ်ကြီး တစ်ခုကို ဖန်ဆင်းလိုက်သည်။

ကောင်းကင်လေပြင်း သူတော်စင်သည် ထိတ်လန့်တုန်လှုပ်စွာနှင့်၊ ထိုခရမ်းရောင် တိမ်တိုက် ပင်လယ်ကြီးအား ကြည့်နေခဲ့၏။ သူ၏ အလယ်တွင် အဖြူရောင် ကျောက်စိမ်းနှင့်တူသော တောင်ကြီးတစ်လုံးကို တွေ့နေရသည်။

သူ့ထံမှနေ၍ ကောင်းကင်ကဲ့သို့ ကျယ်ပြန့်ကာ ပင်လယ်ကဲ့သို့ အဆုံးမဲ့သည့်၊ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် လှုပ်ရှားမှုများ ထွက်ပေါ်နေခဲ့သည်။

တောင်၏ အပေါ်တွင် သက်တန့်တိမ်တိုက် တံတားခြောက်ခုတို့ဖြင့် ဆက်သွယ်ထားသော၊ ထူးခြားသည့် ပုံစံမျိုးနှင့် ဗိမာန်ခြောက်ခုတို့အား တွေ့နိုင်သည်။

အချို့မှာ မီးတောက်များဖြင့် တောက်လောင်နေကြ၍၊ အချို့မှာ အေးစက်ကာ အထီးကျန်နေပြီး၊ အချို့မှာမူ ဆီးနှင်းများ ကျနေခဲ့၏။

ဗိမာန်ခြောက်ခုစလုံးတို့သည် လေပြင်းများ မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်နေ၍၊ တောင်ကြီးအား ဝိုင်းရံကာကွယ်ထား၍ စောင့်ရှောက်နေကြသည်!

တောင်ထိပ်ဖျားတွင် ကောင်းကင်ကိုဖုံးလွှမ်းထားသည့်၊ ဧရာမ သက်တန့် ရတနာ သစ်ပင်ကြီး တစ်ခုအား တွေ့နိုင်သည်။ သူ၏ သစ်ကိုင်းများမှာ ကမ္ဘာပေါင်း များစွာအဖြစ်သို့ ဆန့်တန်းနေကြ၍၊ လေဟာနယ် တစ်ခုလုံးအား ဖြန့်ကြက်ထားကြသည်။

ထိုသစ်ပင်၏ ထိပ်ဖျားတွင်၊ ခရမ်းရောင် ဝတ်စုံနှင့် လူတစ်ယောက်က မတ်တတ်ရပ်နေခဲ့၏။ သူသည် အမူအရာ ကင်းမဲ့စွာဖြင့် ပြုံးနေခဲ့ကာ၊ ကောင်းကင်လေပြင်း သူတော်စင်အား ကြည့်နေခဲ့သည်။ သူသည် လင်းဖုန်း၏ မူလခန္ဓာကိုယ် ဖြစ်သည်။

လင်းဖုန်းသည် မြင့်မြတ်သော လေပြင်းတောင်အား အလည်အပတ် လာနေသကဲ့သို့၊ တည်ငြိမ်အေးချမ်းနေ၏။ သို့သော်လည်း ကောင်းကင်လေပြင်း သူတော်စင်သည် သူ့အားတွေ့လိုက်သည်နှင့်၊ အံ့အားသင့်မှင်သက်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now