အပိုင်း ၄၁၇ - ၄၁၈

414 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၇

အပိုင်း ၄၁၇ : ရတနာသိုက်အား ဖွင့်လှစ်ခြင်း

ရွှင်ပျော်ပျော် သူတော်စင်၏ အကြံပြုချက်အား ကြားရသောအခါ၊ အခြား အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများက လှမ်းကြည့်လိုက်ကြသည်။

လင်းဖုန်းသည် ပြုံးလိုက်၍ သူ၏ လက်ခုပ်အား တီးလိုက်သည်။ သူ၏ခေါင်းပေါ်မှ ယုကျင်းတောင်၏ ပုံရိပ်သည် ပို၍ပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။

သူတို့သည် ယုကျင်းတောင်၏ ဖိအားများကို ခံစားခဲ့ရသောအခါ၊ သူတို့၏ အမူအရာများသည် မပြောင်းလဲကြသော်လည်း၊ အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ အချို့၏ အမူအရာများသည် လေးနက်လာကြသည်။

ကျင့်ကြံမှု အဆင့်နိမ့်သော သူများမှာ ကြောက်ရွံ့လာကြသည်။

လင်းဖုန်းသည် သူ၏ မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်သောအခါ၊ ယုကျင်းတောင်မှ ရွှေရောင်မီးတောက်တစ်ခုသည် ပျံသန်းထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဒါသည် လင်းဖုန်း၏ မှော်စွမ်းအင်များမှ ဖန်ဆင်းထားခြင်း မဟုတ်ပဲ၊ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းတွင် ဖိနှိပ်ခံထားရသည့် ရွှေကျီး မဟာပဏ္ဍိတ၏ မဟာသူရိယ အကြွင်းမဲ့ မီးတောက် ဖြစ်သည်။

လင်းဖုန်းသည် သူ့ထံမှ အရည်ညှစ်၍ရသလောက်ကို တစ်စက်မှ မကျန်ပဲနှင့် ညှစ်ယူခဲ့ခြင်း ဖြစ်သည်။

သူသည် သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်များကို အသုံးပြု၍ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ထုတ်လွှတ်ခဲ့ပါက၊ သူ၏မှော်စွမ်းအင် များစွာတို့ကို အသုံးပြုရမည် ဖြစ်သည်။ ဤကဲ့သို့သော ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင်၊ တတ်နိုင်သလောက် သူ၏စွမ်းရည်များကို အကောင်းဆုံး အခြေအနေတွင် ထိန်းသိမ်းထားရမည် ဖြစ်၏။

"နှမြောစရာ ကောင်းတာက၊ မီးလျှံရေခဲ သစ်သီးကို အသုံးမပြုနိုင်တာပဲ။ မဟုတ်လို့ရှိရင် လက်ရှိအခြေအနေမှာ အတော့်ကို အသုံးကျမှာ ဖြစ်တယ်" လင်းဖုန်းသည် အနည်းငယ် နောင်တရနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now